ကျောက်ဆည်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ နှစ်ဆုံးစာမေးပွဲအောင်စာရင်းများအား အခြေခံပညာကျောင်းအသီးသီးတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် ပါမန်းကျေးရွာ၌ စိုက်ပျိုးရေများ ကောင်းမွန်စွာရရှိစေရေး ရေလွှဲဆည်ဆောက်လုပ်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု၊ ပါမန်းကျေးရွာ၌ စိုက်ပျိုးရေများကောင်းမွန်စွာရရှိစေရေးအတွက် ရေလွှဲဆည်တစ်ခု  ဆောက်လုပ်သွားမည်ဖြစ်ရာ ယမန်နေ့တွင်တာဝန်ရှိသူများက ရေလွှဲဆည် ဆောက်လုပ်မည့်နေရာအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့၌ ရွှေပွဲတော်ကုမ္ပဏီမှကြီးမှူး၍ ဆယ့်နှစ်ပွဲဈေးသည်များ စုပေါင်းဈေးရောင်းပွဲတော် ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ စိတ်အပန်းပြေစေရန်နှင့် အိမ်အသုံးအဆောင်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို တစ်နေရာတည်း၌ အဆင်ပြေစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ဧပြီ ၂၆ ရက်နေ့မှစပြီး ပွင့်ဖြူမြို့အဝင် ပြည်လုံးချမ်းသာဘုရားကြီးကွင်းပြင်၌ ရွှေပွဲတော်ကုမ္ပဏီမှကြီးမှူး၍ ဆယ့်နှစ်ပွဲဈေးသည်များ စုပေါင်းဈေးရောင်းပွဲတော် ဆင်နွှဲကျင်းပလျက်ရှိရာ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ လာရောက်စိတ်အပန်းဖြေ ဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စစ်ကြောင်းကြီး(၅)ကြောင်းသည် ယမန်နေ့နံနက် ၉ နာရီခွဲက မိုင်းယောင်းမြို့နယ် ဝမ်တပ်အုပ်စု၊ ဟွေထမ်ကျေးရွာ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပဲခူးခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာတစ်ဆယ့်သုံးရွာတွင် ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်  ကျေးလက်ရေ ရရှိရေးလုပ်ငန်းများဆောင်ရွက်သွားမည်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာတစ်ဆယ့်သုံးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဘုတ်ပြင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတန်းတင်စာမေးပွဲအောင်စာရင်းများ အခြေခံပညာကျောင်းအသီးသီးတွင် ထုတ်ပြန်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတန်းအလိုက် ကျောင်းတွင်းနှင့် ခရိုင်အဆင့်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီမှစ၍ သက်ဆိုင်ရာကျောင်းများတွင် ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

မလှိုင်မြို့နယ်၊ ကန်ဦးကျေးရွာမှ လေဘေးသင့်နေအိမ်သို့ ထောက်ပံ့ငွေနှင့်ပစ္စည်းများ သွားရောက်ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာအုပ်စု၊ ကန်ဦးကျေးရွာတွင် ဧပြီလ ၂၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်၌ မိုးသက်လေပြင်းကျပြီး သစ်ပင်လဲ၍ နေအိမ်ပြိုကျခဲ့သော လေဘေးသင့်နေအိမ်သို့ ယမန်နေ့ညနေ (၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့်ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက်တွင် မြန်အောင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းသား/သူများအား ရှေးဦးပြုစုခြင်း(အခြေခံ)အဆင့် သင်တန်းများ ဖွင့်လှစ်ပို့ချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများအား ရှေးဦးပြုစုခြင်း(အခြေခံ)အဆင့် သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယနေ့နံနက်က မြန်အောင်မြို့ အ.ထ.က(၂)နေခြည်ကျောင်း၌ သင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး(CPU)အဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ဧပြီ ၂၆ ရက် ၊ ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။
Subscribe to