ကော့မှူး မေ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး တတိယအကြိမ်ပုံစံ(က)မူကြမ်း မှန်ကန်နိုင်ရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သူက သေဆုံးသူများပယ်ဖျက်နိုင်ရေး၊ အတည်ပြုထားသူများစာရင်းသေဆုံးသူများမှ သေဆုံးသူများပယ်ဖျက်နိုင်ရေး၊ လမ်းအလိုက်အမည်စာရင်းမပါရှိသူများအားဖြည့်တင်းနိုင်ရေး၊ ကျေးရွာငယ်အ လိုက်အမည်စာရင်းမပါရှိသူများအားဖြည့်တင်းနိုင်ရေး၊ အခြားမြို့နယ်များမှအိမ်ထောင်စုစာရင်းဖြင့် လာရောက်နေထိုင်သူများအတွက် စာရင်းပြုစုပေးနိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သူနှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်ထက် သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)