ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း သောက်သုံးရေများဖြန့်ဝေပေး

ဆိပ်ကြီးခနောင်တို မေ ၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ အစီအစဥ်ဖြင့် လတ်တလောအပူချိန်မြင့်မားမှုကြောင့် သောက်သုံးရေလိုအပ်လျက်ရှိသည့် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ရန်ကုန်တောင်ပိုင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများမှ ယမန်နေ့ နေ့လည်ပိုင်းက သောက်သုံးရေများ လိုက်လံဖြန့်ဝေပေးလျက်ရှိသည်။

သောက်သုံးရေဖြန့်ဝေပေးရာတွင် ဆိပ်ကြီးအရှေ့ရပ်ကွက်၊ ဆိပ်ကြီးအနောက်ရပ်ကွက်၊ ခနောင်တိုအရှေ့ရပ်ကွက်နှင့် ခနောင်တိုအနောက်ရပ်ကွက်စသည့် ရပ်ကွက်နေပြည်သူများအတွက်   ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများက သောက်သုံးရေ ဂါလံ ၃၆၀၀၀ အား ရေသယ်ယာဥ်များဖြင့် လိုက်လံဖြန့်ဝေပေးခဲ့သည်။

ထိုသို့ သောက်သုံးရေများဖြန့်ဝေပေးရာသို့ ဆိပ်ကြီးခနောင်တို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရေသန့်ဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များကလိုက်ပါ၍ လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံ (IPRD)