နောင်မွန်းမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုပေးပွဲကျင်းပ

နောင်မွန်း မေ ၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် မြို့နယ်ပညာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ကြက်‌ခြေနီနေ့အထိမ်းအမှတ် သင်တန်းဆင်းပွဲအခမ်းအနားကို မေလ ၈ ရက်နေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း ထလမ်ရာဇီခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ယာယီဥက္ကဋ္ဌ ရဲမှူးတင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်ဦးက ကမ္ဘာ့ကြက်ခြေနီနေ့ဆိုင်ရာသိကောင်းစရာများနှင့်ဆုံးမ ဩဝါသစကားပြောကြားခဲ့ကာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တပ်ခွဲမှူးဒေါ်နန်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် မေလ ၂ ရက်မှ မေလ ၈ ရက်နေ့အထိဖွင့်လှစ်ခဲ့သော ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ရှေးဦးသူနာပြုစုခြင်းသင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သူများနှင့် သင်တန်းနည်းပြဆရာဆရာမများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးပေးအပ်ကြပြီး အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများက ခင်းကျင်းပြသထားသော ရှေးဦးသူနာပြုစုခြင်းဆိုင်ရာနံရံကပ်စာစောင်များနှင့် ပိုစတာများကို လေ့လာကြည့်ရှုခဲ့ကြကာ စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)