အင်းစိန်မြို့နယ်၌ အင်္ဂလိပ်စာ အခမဲ့ သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန် မေ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အမျိုးသမီးရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အင်္ဂလိပ်စာ အခမဲ့ သင်တန်း ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။

ထိုသို့ ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်း၊ အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးဘိုကြည်တို့က အမှာစကား ပြောကြားပြီး၊ အင်္ဂလိပ်စာနည်းပြ ဆရာမ ဒေါ်အေးစန္ဒာ(ခ) မေဘယ်ဝင်းက သင်ရိုးညွှန်းတမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် အင်းစိန်ခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မင်းမင်းထွေး၊ အင်းစိန်မြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်မူယာအုန်းနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား စာရေးကိရိယာပစ္စည်းများနှင့် အအေး၊ မုန့်များ ပေးအပ်ခဲ့ပြီးနောက် တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံးမှ ပြသထားသည့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည်ရှုခဲ့ကြ သည်။

အဆိုပါ အင်္ဂလိပ်စာ သင်တန်းကို မေလ(၄)ရက်နေ့မှ ဇွန်လ(၉)ရက်နေ့အထိ စနေ၊တနင်္ဂနွေ ရက်များတွင် နည်းပြဆရာမ ဒေါ်အေးစန္ဒာ(ခေါ်) မေဘယ်ဝင်းနှင့် ဦးဇွဲမာန်ခတို့က ဘာသာရပ်များ အလိုက် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးဖြင့် ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)