မအူပင်မြို့တွင် (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရတနာလင်္ကာရဘုန်းဝောာ်ကြီးကျောင်းသို့ ဆန်နှင့်ဆီများ လှူဒါန်း

မအူပင် မေ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၄ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် (၉) နာရီက ဆရာဒါယကာ‌ကျောင်းဖြစ်သည့် ရတနာလင်္ကာရဘုန်းတော်ကြီးကျောင်းသို့  ဆန်နှင့်ဆီများ သွားရောက်လှူဒါန်းခဲ့သည်။

ရှေးဦးစွာ ရတနာလင်္ကာရဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တသောဘဏထံမှ ငါးပါးသီလ ခံယူ‌ဆောက်တည်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး သက်ဇော်ထွန်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဋ္ဌေးတို့မှ ဆန်နှင့်ဆီများ ဆက်ကပ်လှူဒါန်းခဲ့ကြရာ လှူဒါန်းမှု အစုစုအား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဋ္ဌေး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုပေါင်းပြီး ‌ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းနှင့် ကျောင်းပတ်ဝန်းကျင်ရှိ အမှိုက်များ ကောက်ယူခြင်း၊ မြက်ပင်များ ရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်း၊ ဘုရားပန်းများ ကပ်လှူပူဇော်ခြင်းများဖြင့် လုပ်အားဒါန ပြုဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆန်နှင့် ဆီများ လှူဒါန်းခြင်းနှင့် သန့်ရှင်းရေးလုပ်အားဒါန ပြုလုပ်ခြင်းအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဋ္ဌေးနှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များမှ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)