ချောင်းဆုံမြို့နယ်၌  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ကွမ်သဲ(တော်ပေါင်း)(မူလွန်) ကျောင်း၌ လူငယ်ရေးရာအသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြို့‌တော်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၊ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းအသုံးပြုခြင်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်‌ တာဝန်ရှိသူများနှင့်အတူ  ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ လေဆိပ်လမ်းနှင့် ရာဇသိင်္ဂဟလမ်းသို့ သွားရောက်ပြီး လမ်းဘေး/ဝဲယာနှင့် ကြာကန်ပတ်လည်သန့်ရှင်းသာယာလှစေရေး ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်‌ဆေးသည်။

ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထူးချွန်ဝန်ထမ်းသား၊ သမီးများနှင့်အ‌ဝေးသင်တက်ရောက်မည့်ဝန်ထမ်းများအား ချီးမြှင့်ငွေပေးအပ်

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းမိသားစုဝင်သားသမီးများ ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် အဝေးသင်တက်ရောက်မည့် ဝန်ထမ်းများအား ပညာသင်ချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၇ ရက်က အောင်မြေသာစံမြို့နယ် မန်း‌တောင်‌ခြေရှိ အဆိုပါရုံးတွင်ကျင်းပသည်။

သထုံမြို့ (သုဝဏ္ဏ) အခြေခံပညာမူလတန်း‌ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ (သုဝဏ္ဏ) အခြေခံပညာမူလတန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

တပ်ကုန်းမြို့နယ်၌ ကြံစိုက်ခင်းများအား ပျဉ်းမနားစိုက်ပျိုးရေးသုတေသန(ကြံခြံ)မှ ပညာရှင်များ ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ ကြံစိုက်ဧကပေါင်း ၈၉၄ ဧက စိုက်ပျိုးထားလျက်ရှိရာ ပျဉ်းမနားစိုက်ပျိုးရေး သုတေသန(ကြံခြံ)မှ ခြံတာဝန်ခံ ဒေါက်တာအိအိခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ထုံးဘိုကျေးရွာ၊ ကွင်းအမှတ် (၁၃၇၂)၊ ကြံစိုက်ဧက ၁၀၀ ခန့်အား  ပိုးမွှားရောဂါကျရောက်မှု ရှိ/မရှိအခြေအနေများ  ကွင်းဆင်းပညာပေးဆောင်ရွက်ခဲ့သည်။

ပင်းတယမြို့၌ MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် ‎လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ဓမ္မာရုံတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်း အခမ်းအနားကို ကျင်းပခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ် စိုက်ပျိုးကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် အခြေခံပညာ ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့သွားရောက်၍ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ လူငယ်သိပညာပေးပြပွဲဆောက်ရွက်ခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊  စိုက်ပျိုးကျေးရွာအခြေခံပညာ မူလတန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ၊ နံရံကပ်စာစောင်ပြပွဲလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပုလောမြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးသူငယ်များအားပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး 

တနင်္သာရီတိုင်းဒေသကြီး၊ပုလောမြို့  အမှတ်(၁)ရပ်ကွက်ရှိ မိခင်နှင့်ကလေးဆေးခန်း၌ မွေးကင်းစမှ အသက်(၂)နှစ်‌အောက်အရွယ် ကလေးသူငယ်များအား ကျန်းမာရေး စောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို‌ စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်)၌ ‎၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်

‎‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အ‌ခြေခံပညာအထက်တန်းကျောင်း(ကြိုသက်) ပညာ့ရောင်ခြည်ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား (၁၃၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပ

မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား၌ (၁၃၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို ပဋ္ဌာန်းသိမ်းအောင်ပွဲကို စက်တင်ဘာ ၁၇ရက် နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၊ ၆၆ လမ်း၊ ၁၁×၁၂လမ်း‌ကြားရှိ  ဘုရားကြီး အာရုံခံတန်ဆောင်းတွင်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ အလှူရှင်များက ဘုရားအမှူးရှိသော ဆရာတော်သံဃာတော် (၄၉) ပါးတို့အား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့‌ကြကြောင်း သိရသည်။
Subscribe to