သာကေတမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

​ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ဒေသခံပြည်သူများ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရန်အတွက် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှရက်(၁၀၀)စီမံချက်ဖြင့် ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိရာယနေ့နံနက် ၁၁ နာရီ၃၀ မိနစ်အချိန်က ၃/ရန်ပြေရပ်ကွက်ရှိ ဗုဒ္ဓဝေယျာဝစ္စဓမ္မာရုံ၌ရက် (၁၀၀)စီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကပ်ပြားများကွင်းဆင်းဆောင်ရွက်သည်။

ဖယ်ခုံမြို့နယ် ပြည်သူ့ဆေးရုံဆေးရုံရှိ ဝန်ထမ်းအိမ်ရာအား ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့မှ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ ကယန်းတိုင်းရင်းသားရေးဝန်ကြီး ဒေါ်အေးချိုစိန်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ရင်တို့သည် ယမန်‌နေ့ညနေ ၂ နာရီက ဖယ်ခုံမြို့နယ် ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် တွေ့ဆုံပြီး ထိခိုက်ပျက်စီးသွားသော ကျန်းမာရေးဝန်ထမ်းအိမ်ရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မြို့နယ်ဆရာဝန်ကြီးက အိမ်ရာများပြုပြင်ရန် လိုအပ်မှုအခြေအနေကို ရှင်းလင်းတင်ပြရာ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးက အဆောက်အဦးများပြုပြင်ရန်နှင့်စပ်လျဉ်း၍  ကုန်ကျ စရိတ်အား Estimate ရေးဆွဲတင်ပြရန်၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေးနှင့် ရေရှည်ခိုင်ခန့်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ပေးရန် ဖြည့်စွက်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်ဖြစ်သည့် ချောင်းဝ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်လေးလုံးအမိုးလန်ပျက်စီး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ နောင်ခုံးကျေးရွာ၌ ယမန်နေ့ ညနေ ၃ နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်လေးလုံးအမိုးလန်ပျက်စီးခဲ့ကြောင့် သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များနှင့် ပြည်သူလူထုများ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်

ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်‌ရေး ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များအနေဖြင့် ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ ၁၄ ကြိမ်မြောက်အဖြစ် ဒေသခံပြည်သူလူထုများအား တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှမ်းပြည်နယ် အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီ လက်မှုရွာစီမံကိန်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ် ငန်းဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပထမ ရက်(၁၀၀)အတွင်း လက်မှုရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လက်ရက်ကန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီက ညောင်ရွှေမြို့နယ် မန်ကျည်းဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး (၂၀၂၆) ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနားနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

(၂၀၂၆)ခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (World Immunization Week) အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။

အိမ်မဲမြို့မစျေးကြီးတွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းအဖွဲ့က လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၄) (၄/၂၀၂၆) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ  

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၄) (၄/၂၀၂၆)သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံ သင်တန်းကျောင်းတွင် ရောက်ရှိနေသော ကရင်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မတော်အရာရှိများနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးသည်။

‎တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်မှူးနှင့် ရပ်ကျေးအဖွဲ့ဝင်မိသားစုများ စုပေါင်း၍ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဝိန်းကျောက် ရပ်ကွက်ရုံးဝန်းအတွင်း ပြုလုပ်သည်။
Subscribe to