တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး လေကြောင်းခရီးစဉ်သစ်များ တိုးချဲ့ပြေးဆွဲခြင်း အခမ်းအနားသို့ တက်ရောက်

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာအမျိုးသား လေကြောင်းအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသွားလာမှုကဏ္ဍသစ်တစ်ရပ်ဖြင့် ဖွင့်လှစ်ပေးမည့် L410 Turbolet အမျိုးအစား XYAMX လေယာဉ်ဖြင့် လေကြောင်းခရီးစဉ်သစ်များ တိုးချဲ့ပြေးဆွဲခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ထားဝယ်လေဆိပ်၌ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့များ၏ အတီးအမှုတ်အကများဖြင့် ကျင်းပသည်။

တောင်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

တောင်ဥက္ကလာပမြို့နယ် ၂၅-၄-၂၀၂၆ ရက်နေ့  ၅ နာရီ ၂ မိနစ်ခန့်အချိန်တွင် အမှတ်(၅)ရပ်ကွက် သုမင်္ဂလာလမ်း အမှတ်(၁၀၆၀/၃)ဆိုင်ခန်းပိုင်ရှင် ဦးစိုးလှိုင် လပြည့်ဝန်း Gas ဆိုင် (၂)ထပ်အဆောက်အဦ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယမန်‌နေ့က အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ အမှတ်(၁၂)ရပ်ကွက် ဓမ္မာရုံတွင် ပြုလုပ်ပေးသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် Community Centre ခန်းမ၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် Community Centre ခန်းမ၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ လှိုင်သာယာ(အနောက်ပိုင်း) ဧပြီ ၂၆ မြင့်ဇော်(ပြန်/ဆက်)

မြင်းခြံမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြင်းခြံမြို့၊ အမှတ် (၁၀) ရပ်ကွက်၌ ပြုလုပ်သည့် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို မြင်းခြံမြို့နယ် ဦးစီးမှူး ဦးဝင်း‌မော်နှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်လျင်မြို့ ပြည်သူ့ဆေးရုံကြီး၌ အာဟာရဒါန လှူဒါန်း

သန်လျင်ခရိုင် သန်လျင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရသော လူနာများ၊ လူနာစောင့်များနှင့် ဆေးရုံဝန်ထမ်းများအား ယနေ့နံနက်ပိုင်းက အာဟာရဒါန ကျွေးမွေးလှူဒါန်းခဲ့ကြသည်။

အုတ်ဖိုမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့၊ ရွာသစ်ရပ်ကွက်၊ ကျောင်းကြီးကျောင်းဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် သက်ဆိုင်ရာဝန်ထမ်းများက ရွာသစ်ရပ်ကွက်အတွင်း နေထိုင်ကြသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ကျုံသင်ကျေးရွာအုပ်စုနှင့် ဝါးကမယ်ကျေးရွာအုပ်စု၊ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက်၊ အလှူရှင်များ၊ ကျေးရွာနေပြည်သူများ စုပေါင်း၍ ကိုယ်ထူကိုယ်ထဆောင်ရွက်ပြီးစီးခဲ့သည့် လာဇလတ်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက အဆိုပါ ကွန်ကရစ်လမ်းပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အင်းစိန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  စာပေဥယျာဉ် (Book Club) အဖွဲ့များက သုတ/ရသ စာပေ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက  Book Club အဖွဲ့ဝင်များက သုတ/ရသစာပေ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ စားသုံးသူရေးရာ အသိပညာပေး Talk Show ဆောင်ရွက်

သရက်မြို့၌ စားသုံးသူရေးရာ အသိပညာပေး Talk Show ဆောင်ရွက် သရက် ဧပြီ ၂၆ ဇော်ထက် (သရက်)
Subscribe to