ဖယ်ခုံ ဧပြီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ ကယန်းတိုင်းရင်းသားရေးဝန်ကြီး ဒေါ်အေးချိုစိန်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ရင်တို့သည် ယမန်နေ့ညနေ ၂ နာရီက ဖယ်ခုံမြို့နယ် ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် တွေ့ဆုံပြီး ထိခိုက်ပျက်စီးသွားသော ကျန်းမာရေးဝန်ထမ်းအိမ်ရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မြို့နယ်ဆရာဝန်ကြီးက အိမ်ရာများပြုပြင်ရန် လိုအပ်မှုအခြေအနေကို ရှင်းလင်းတင်ပြရာ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးက အဆောက်အဦးများပြုပြင်ရန်နှင့်စပ်လျဉ်း၍ ကုန်ကျ စရိတ်အား Estimate ရေးဆွဲတင်ပြရန်၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေးနှင့် ရေရှည်ခိုင်ခန့်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ပေးရန် ဖြည့်စွက်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့မှတစ်ဆင့် ညနေ ၃ နာရီခွဲတွင် ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ညွှန်ကြားရေးမှူးဦးမင်းမင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းရွှေနှင့် အဖွဲ့ဝင်များပူးပေါင်း၍ နွေစပါးစိုက်ပျိုးတောင်သူများအား စက်သုံးဆီဂါလံ (၁၈၀၀) ဖြန့်ဖြူးရောင်းချပေးရာ ကုန်းဆုံကျေးရွာအုပ်စုအတွက် ဂါလံ (၉၀၀)၊ လွယ်ပေါကျေးရွာအုပ်စု၊ ဟိုတိန်း တောင်ကျေးရွာအတွက် ဂါလံ (၁၀၀)၊ မြို့ပေါ်ရပ်ကွက် (၇) ရက်ကွက်အနက် ညောင်ကုန်းရပ်ကွက်အတွက် ဂါလံ (၃၀၀) စုစုပေါင်းဂါလံ (၁၃၀၀)အား ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး ဧပြီလ ၂၆ ရက်နေ့တွင် ကျန်မြို့ပေါ်ရပ်ကွက်များ ဖြစ်သည့် ဈေးရှေ့ရပ်ကွက်၊ ဈေးနောက်ရပ်ကွက်၊ မြို့ကုန်းရပ်ကွက်၊ ဟိန်ဓမ္မရပ်ကွက်နှင့် အခြားရပ်ကွက်တို့အား စက်သုံးဆီဂါလံ (၅၀၀) ကိုဈေးနှုန်းသက်သာစွာဖြင့် နွေစပါးစိုက်တောင်သူများထံ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)