စဉ့်ကူးမြို့ ပြည်သူ့ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်သည်။

ဆိပ်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေလမ်းကြောင်းဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုကို လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်

တောင်ဥက္ကလာပမြို့နယ်တွင် ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ် တောင်ဥက္ကလာပ ဧပြီ ၂၆ မြို့နယ်(ပြန်/ဆက်)

ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်အကြောင်း အသိပညာပေး Talk Show ပြုလုပ်

ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်အကြောင်း အသိပညာပေး Talk Show ပြုလုပ် ခရမ်း ဧပြီ ၂၆ ခင်နှင်းဝေ(ခရမ်း-ပြန်/ဆက်)

ရက်(၁၀၀)စီမံချက်ဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏  နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အမှတ်(၅၅)ရပ်ကွက် ဓမ္မာရုံ၌  မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

တမူးမြို့၌ သက်ကြီးရွယ်အို ဘိုးဘွားများ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်း ဖွင့်လှစ်ထားရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း  နေထိုင်ကြသည့် သက်ကြီးရွယ် ဘိုးဘွားများ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်းကို မြို့မရပ်ကွက်ရှိ ဇဗ္ဗူမင်္ဂလာ မီးကွင်းကျောင်းတိုက် ဗိမာန်အောက်ထပ်၌  ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် နွေရာသီကာလအတွင်း သောက်သုံးရေလိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် သောက်သုံးရေဖြန့်ဝေလှူဒါန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ်အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသော ဈေးနှုန်းဖြင့် ဓာတ်မြေဩဇာများ တိုက်ရိုက်ဖြန့်ဖြူးရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသောဈေးနှုန်းဖြင့် ဓာတ်မြေဩဇာများ တိုက်ရိုက် ဖြန့်ဖြူးရောင်းချခြင်းကို စိုက်ပျိုးရေးဦးစီးဌာနနှင့်စုစံ ဓာတ်မြေဩဇာ‌ရောင်းချရေးကုမ္မဏီတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနပိုင် ဂိုဒေါင်အတွင်း၌ တောင်သူများအား အထူးသက်သာသောဈေးနှုန်းဖြင့် ဓာတ်မြေဩဇာများ တိုက်ရိုက်ဖြန့်ဖြူးရောင်းချပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to