မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်
၂၀၂၅-ခုနှစ်၊မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်းတွင် ကျင်းပသည်။ အခမ်းအနားတွင် ပထမဆုရရှိသည့် မိတ္ထီလာခရိုင်အသင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ပထမဆုတံခွန်စိုက်ဆုဖလားနှင့်ငွေသားဆုများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားဆပ်ကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက တစ်ဦးချင်း ဆုတံဆိပ်များ၊ကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။