ပုဇွန်တောင်မြို့နယ်၌ တန်ခူး ကဆုန်နှစ်လစုံမွန်မြတ်ခြင်းနှင့် ဧပရယ်လရဲ့ထူးမြတ်မှု စာပေဟောပြောပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် တန်ခူး၊ ကဆုန်နှစ်လစုံမွန်မြတ်ခြင်းနှင့် ဧပရယ်လရဲ့ထူးမြတ်မှု စာပေဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။