ထန်းတပင်မြို့နယ်၌ “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး” ဆိုင်ရာ အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်းရှိ  ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှုဆက်စပ်ပုံနှင့် လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ လူမှုစီးပွားဘဝများ ထိခိုက်နိုင်မှုများကို သိရှိနာလည်စေရန် ရည်ရွယ်၍ “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး” ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်ပိုင်းက ဓနဲရိကျေးရွာအုပ်စု၊ ဓနဲရိကျေးရွာ အ.မ.ကကျောင်းနှင့် အေးရွာလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ကွန်ပျူတာတက္ကသိုလ်တွင် တည်ဆောက်ရေးလုပ်ငန်းများ  ကွင်းဆင်းကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် သထုံမြို့ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ) သို့ သွားရောက်၍ ဦးစွာ ရှင်းလင်းဆောင်တွင် ပါမောက္ခချုပ်ဒေါက်တာနီလာသိန်းက တက္ကသိုလ်ဆိုင်ရာအချက်အလက်များနှင့် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွက် ကျောင်းသား/ ကျောင်းသူအဆောင်၊ ဝန်ထမ်းအိမ်ရာ၊ စာသင်ဆောင်လိုအပ်ချက်၊ လျာထားပြီးလုပ်ငန်းများအခြေအနေများကို Power Pointဖြင့် ရှင်းလင်းတင်ပြသည်။

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ပညာတံခွန်ကျောင်းတိုက်တွင် သိက္ခာထပ်၊ မုခ်ဦးနှင့် သံတံခါး ရေစက်ချ အလှူတော်မင်္ဂလာကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ (၁၅၇)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်းရှိ ပညာတံခွန် ကျောင်းတိုက် ဦးစီပဓာန နာယက ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ (မဟာသဒ္ဒမ္မ ဇောတိကဓဇ) နှင့် အရှင်ယသ(သာသနဓဇဓမ္မာစရိယ)အရှင်သူမြတ်များအား ပုနောပသမ္ပဒါသိက္ခာထပ်၊ မုခ်ဦးနှင့် သံတံခါး ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီ အချိန် အဆိုပါကျောင်းတွင်ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်တွင် ဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများမှ “ဒဿမ” အကြိမ် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဆိပ်ကမ်းလုပ်သား‌ပေါင်းစုံဓမ္မာရုံတွင် ပြုလုပ်သော စေတီတော်ဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများမှ “ဒဿမ” အကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်၍ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် မုသင်ကျေးရွာအုပ်စု သာယာကုန်းကျေးရွာ မူလတန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် Fire Hotspot ဖြစ်ပွားမှုလျော့နည်းပပျောက်ရေး၊ တောမီးလောင်ကျွမ်းမှုမရှိစေရေး ထိန်းသိမ်းကာကွယ်ခြင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် Fire Hotspot ဖြစ်ပွားမှု လျော့နည်းပပျောက်ရေး၊ တောမီးလောင်ကျွမ်းမှုမရှိစေရေး ထိန်းသိမ်းကာကွယ်ခြင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ အောင်ဦးအထပ်သားစက်ရုံ၌ ပြုလုပ်ခဲ့သည်။

ကလောခရိုင် ပြည်သူ့ဆေးရုံနှင့် အောင်ပန်းမြို့၊ လှည်းရိုးကျောင်းတိုက်တွင် သွားကျန်းမာရေး ကွင်းဆင်းကုသပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင် ပြည်သူ့ဆေးရုံ၊ အောင်ပန်းမြို့နှင့် ဟဲဟိုးမြို့တို့အတွင်းရှိ မြို့နယ်၊ ကျေးရွာများတွင် မန္တလေးမြို့သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ပါမောက္ခများ ဦးဆောင်၍ ဘွဲ့လွန်သင်တန်းသားဆရာဝန်များ ပါဝင်သည့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းမှစ၍ ကွင်းဆင်းဆေးကုသရေးပေးလျက်ရှိ‌ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ နတ်တလင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှု

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးမှ အစိုးရသစ်လက်ထက် ရက် ၁၀၀ ကာလအတွင်း စီမံချက်ဖြင့် အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ညောင်ကျေးရွာ၊ အောင်မင်္ဂလာဘုန်းကြီးကျောင်းတွင် ကွင်ဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဖျာပုံမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဇင်းဘောင်ကျေးရွာအုပ်စု၊ ငုတောကျေးရွာ ကွင်းအမှတ်(၅၄၁)၊ ဦးပိုင်အမှတ်(၉/၅)တောင်သူ ဒေါ်မော်မော်ဝင်း၏ လယ်မြေ (၂၀)ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ စုပေါင်းကြဲပက်ခြင်းနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်းဖြင့် မြေဆီလွာအတွင်း အာဟာရဓာတ် ပြည့်ဝကာ မိုးစပါး ပန်းတိုင် အထွက်နှုန်းရရှိပြီး မိုးစပါးအထွက်နှုန်း တိုးထွက်ရန်ရည်ရွယ်၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)စုပေါင်းကြဲပက်ပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က အဆိုပါကျေးရွာ၌ ကျင်းပဆောင်ရွက်သည်။
Subscribe to