ညောင်ရွှေ ဧပြီ ၂၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ် ငန်းဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပထမ ရက်(၁၀၀)အတွင်း လက်မှုရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လက်ရက်ကန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီက ညောင်ရွှေမြို့နယ် မန်ကျည်းဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကြည်လွင်တို့က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက လက်မှုရွာစီမံကိန်းအကျိုးကျေးဇူးများ၊ ကော်မတီများဖွဲ့စည်းခြင်း၊ ထုတ်ကုန်ပစ္စည်းများ ရောင်းချနိုင်ရေး၊ အရောင်းပြခန်းပြင်ဆင်ရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ လက်မှုရွာစီမံကိန်းသည် တစ်နေရာတည်းတွင် လက်မှုလုပ်ငန်းများကို တစ်စုတစ်စည်းတည်း လေ့လာစေခြင်းဖြင့် ပြည်တွင်း ပြည်ပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)