မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲကျင်းပ Read more about မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲကျင်းပ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
မြဝတီမြို့တွင် ရက် (၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နှင့် UID Unique Indentity ကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ Read more about မြဝတီမြို့တွင် ရက် (၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နှင့် UID Unique Indentity ကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ ကရင်ပြည်နယ်၊ မြဝတီမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးမှူး၍ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီက အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ဘိုကလေးမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ ကျင်းပ Read more about ဘိုကလေးမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ ကျင်းပ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် သကံဝကျေးရွာအုပ်စု၊ ငွေတောင်စံပြကျေးရွာ ကွင်းအမှတ်(၇၀၉)၊ ဦးပိုင်အမှတ် (၁၀) တောင်သူဦးတင်စိုး၏ လယ်မြေ၌ ၂၀၂၆-၂၀၂၇ မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဦးကျော်ညီညီထွဋ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး Read more about မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နိုင်ငံတော်အစိုးရသစ်၏ ပထမရက်(၁၀၀)စီမံချက်ဖြစ်သည့် ပြည်ထောင်စုဘဏ္ဍာ အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဒုတိယအကြိမ် Quick Win အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဟဲလုံခေတ်မီစံပြကျေးရွာတွင်းလမ်း ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ (၇၅) နှစ်ပြည့်စိန်ရတုပွဲတော်နှင့် ဆဌမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲ ကျင်းပ Read more about လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ (၇၅) နှစ်ပြည့်စိန်ရတုပွဲတော်နှင့် ဆဌမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲ ကျင်းပ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ (၇၅) နှစ်ပြည့် စိန်ရတုပွဲတော်နှင့် ဆဌမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ကျင်းပခဲ့သည်။
ကမာရွတ်မြို့နယ်တွင် ရက် (၁ဝဝ) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး Read more about ကမာရွတ်မြို့နယ်တွင် ရက် (၁ဝဝ) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာ၊ ဆွမ်းလောင်းဓမ္မာရုံ၌ ကမာရွတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ယနေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပင်လုံမြို့ အမှတ် (၂) ဝန်တင်တပ်ရင်းနှင့် အမှတ်(၅၁၃) ခြေမြန်တပ်ရင်းတို့၌ မီးဘေးအန္တရာယ် သတိပြုကာကွယ်ရန် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက် Read more about ပင်လုံမြို့ အမှတ် (၂) ဝန်တင်တပ်ရင်းနှင့် အမှတ်(၅၁၃) ခြေမြန်တပ်ရင်းတို့၌ မီးဘေးအန္တရာယ် သတိပြုကာကွယ်ရန် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂)ဝန်တင်တပ်ရင်းနှင့် အမှတ်(၅၁၃) ခြေမြန်တပ်ရင်းတို့၌ မီးသတ်ဦးစီးမှူး ဦးရဲအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့မှ မီးဘေးလုံခြုံရေး ဟောပြောခြင်းနှင့် ဇာတ်တိုက်သရုပ်ပြသခြင်းကို လက်တွေ့လေ့ကျင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၅)နှစ်ပြည့် စိန်ရတုသဘင်အထိမ်းအမှတ် အဂ္ဂမဟာ စိန်ရတုကျောင်းတော်ကြီး ကျောင်းဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းတို့အား ဖွင့်လှစ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပ Read more about (၇၅)နှစ်ပြည့် စိန်ရတုသဘင်အထိမ်းအမှတ် အဂ္ဂမဟာ စိန်ရတုကျောင်းတော်ကြီး ကျောင်းဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းတို့အား ဖွင့်လှစ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်၏ (၇၅)နှစ်ပြည့် စိန်ရတုသဘင်အထိမ်းအမှတ် အဂ္ဂမဟာ စိန်ရတုကျောင်းတော်ကြီး ကျောင်းဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းတို့အား ဖွင့်လှစ်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ သန်လျင်မြို့နယ် မင်းကျောင်းပထမပြန်စာသင်တိုက် ကျောင်းဝင်း၌ ကျင်းပသည်။
ချောက်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများ ဆွေးနွေး Read more about ချောက်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများ ဆွေးနွေး မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြည်သူများအတွက် ရပ်ရွာအကျိုးပြုလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအကျိုးရှိစေရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်း ဖွင့်လှစ် Read more about ပုဗ္ဗသီရိမြို့နယ်၌ ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်း ဖွင့်လှစ် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်တွင် ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက အေးမြင့်သာယာကျေးရွာ၊ အေးချမ်းသာယာခန်းမတွင် ကျင်းပသည်။