မင်းလှမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်များကို ထုတ်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ လူမှုရေးပင်စင်များကို လူမှုဝန်ထမ်းဦးစီးဌာမှ ယနေ့ နံနက် ၁၁ နာရီက မြန်မာ့စီးပွားရေးဘဏ်နှင့်ပူးပေါင်း၍ ထုတ်ပေးလျက်ရှိသည်။

မြင်းခြံမြို့ အလယ်တန်းကျောင်းခွဲများ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲများ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ‌ဟောပြောပွဲကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ကံချောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက် (၁၀) နာရီက ကံချောင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အ.လ.က(ကွင်းကြီး)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကွင်းကြီးကျေးရွာ အ‌ခြေခံပညာအလယ်တန်းကျောင်း၌လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပလောက်နယ်မြေရဲစခန်းတို့ပူးပေါင်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ စားသုံးသူရေးရာ အသိပညာပေး Talk Show ဆောင်ရွက်

သရက်မြို့၌ စားသုံးသူရေးရာ အသိပညာပေး Talk Show ဆောင်ရွက် သရက် စက်တင်ဘာ ၁၈ ဇော်ထက် (သရက်)

ဝမ်းတွင်းမြို့နယ် Community Centre ခန်းမတွင် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

လူငယ်လူရွယ်များ ဗဟုသုတများတိုးပွားစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး စာစီ စာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို စက်တင်ဘာ ၁၈ ရက်နေ့က ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ လောင်းကစားဥပဒေအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်

ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ လောင်းကစားဥပဒေအကြောင်း အသိပညာပေး Talk Show ဆောင်ရွက် နေပြည်တော် စက်တင်ဘာ ၁၇ အောင်သူရဦး(ပြန်/ဆက်)
Subscribe to