ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ် စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း  နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက (အ.မ.က)ဆံတိုက်ကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မီးဘေးသတိရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ညနေ ၅ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်နှင့်ပြပွဲ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် အသိပညာပေးပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကွက်သစ်ရပ်ကွက်ရှိ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် လူထုအ​ခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်​ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍  လူငယ်အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်​နေ့နံနက်ပိုင်းက ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာနခန်းမ၌ ဆောင်ရွက်သည်။

မြို့သစ်မြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်အဆင့်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲကို စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်(၁၀)နာရီက မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပူတာအိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၅-ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား မဲပေးစက်စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်စေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကကြီးမှူး၍ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည်။

နတ်မောက်မြို့၌ စာပေချစ်မြတ်နိုးသူများဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း ( Book Club) တို့ပူးပေါင်း၍ ဒေါက်တာရဲနိုင်ရေးသားသည့် “လူဆိုတဲ့လူ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

နတ်မောက်မြို့၌ ကိုယ့်အားကိုယ်ကိုးကျောက်ချောလမ်းခင်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် လမ်းအရှည် (၄၆၀ ပေ ×၁၂ပေ ×၉ လက်မ)ရှိ ဘုရင့်နောင်လမ်းအား ကိုယ့်အားကိုယ်ကိုး ကျောက်ချောလမ်းခင်းနေမှုအား တာဝန်ခံအင်ဂျင်နီယာနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတက်ရောက်ပြီး မိုးစပါးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် သရက်တောကျေးရွာအုပ်စု၊ မသိမ်ကျေးရွာနှင့် ပိုးစာတော‌ကျေးရွာသို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ်၊ မိုးရာသီတစ်အိမ်ထောင်လျှင် သစ်မာပင် ၂ဝ ပင် သစ်ပင်စိုက်ပျိုးပွဲများသို့ တက်ရောက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

တပ်ကုန်းမြို့နယ်၌ အသက်ငါးနှစ်အောက်ကလေးငယ်များအား အာဟာရအခြေအနေဆန်းစစ်၊ ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်များ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ အသက်ငါးနှစ်အောက်ကလေးငယ်များအား အာဟာရအခြေအနေဆန်းစစ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက   ဆရာစံရပ်ကွက်၊ မဟာဇနကပရိယတ္တိစာသင်တိုက်၊ မဟာဇနကဗိမာန်တွင် ဆောင်ရွက်ပေးခဲ့သည်။
Subscribe to