ဆီဆိုင် ဧပြီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ နောင်ခုံးကျေးရွာ၌ ယမန်နေ့ ညနေ ၃ နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်လေးလုံးအမိုးလန်ပျက်စီးခဲ့ကြောင့် သိရသည်။
အဆိုပါ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အုတ်ညှပ်တစ်ထပ် နေအိမ် ၃ လုံး၊ အုတ်ညှပ်နှစ်ထပ် နေအိမ်တစ်လုံး စုစုပေါင်း နေအိမ်လေးလုံး၏ မြှားတန်း၊ ဒိုင်းနှင့် သွပ်မိုးတို့ အမိုးလန်ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)