နတ်မောက်မြို့နယ်၊ တွင်းကြီးကျေးရွာအုပ်စု၊ ဖလန်ပင်ကျေးရွာ၌ လက်ရှိရေသုံးစွဲမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် တွင်းကြီးကျေးရွာအုပ်စု၊ ဖလံပင်ကျေးရွာ ရေရရှိရေးကော်မတီဝင်များနှင့်အတူ နွေရာသီကာလ သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်နိုင်ခြင်းရှိ/ မရှိအခြေအနေအား  ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် သုတ/ ရသစာအုပ်များ ဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လာရောက်မဖတ်ရှုနိုင်သည့်  သက်ကြီးဘိုးဘွားများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက် (၉) နာရီအချိန်က တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတောင်စေတီတော်မြတ်ကြီးတွင် ဖွင့်လှစ်ထားသည့် အပူရှောင်စခန်းသို့ သွားရောက်ပြီး  သုတ/ရသစာအုပ်စာစောင်များကို နယ်လှည့်ကွင်းဆင်း၍ ငှားရမ်းပေးခဲ့သည်။

တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်း မျက်စိတိမ်ရောဂါ ကင်းစင်ပပျောက်ရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ စီစဥ်ညွှန်ကြားမှုဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများက ဝါးခြမ်းကာကျေးရွာ၊ အောင်သုခကျေးရွာနှင့် ချောင်းနက်(အရှေ့၊ အနောက်)ကျေးရွာများတွင် ယမန်နေ့နံနက်ပိုင်းအချိန်က မျက်စိတိမ်ရောဂါ ကင်းစင်ပပျောက်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်  ခရိုင်ပေါင်းစုံ အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီး အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

နွေရာသီ သောက်သုံးရေအခက်အခဲရှိသည့် သရက်မြို့နယ် ငလှိုင်ခြုံ ရေနံမြေဘုန်းတော်ကြီးကျောင်းအတွက် သောက်သုံးရေ ရေဂါလံ (၅၀၀၀) လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ သောက်သုံးရေအခက်အခဲရှိသည့် ငလှိုင်ခြုံ ရေနံမြေဘုန်းတော်ကြီးကျောင်းအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ယမန်နေ့ နံနက်(၈) နာရီက ငလှိုင်ခြုံရေနံမြေ ဘုန်းတော်ကြီးကျောင်းတွင် ရေဂါလံ (၅၀၀၀)အား လှူဒါန်းခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် အောင်လံမြို့ရှိ Double Rooler Gin ဝါကြိတ်စက်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အောင်လံမြို့နယ် စက်ရုံရပ်ကွက် ဦးသန်းဌေးအောင်၏ Double Rooler Gin ဝါကြိတ်စက် စက်ရုံလည်ပတ်မှုအခြေအနေအား ယမန်နေ့ နံနက် ၁၁ နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ် ရေပြာ‌ကျေးရွာ၌ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် e-ID စနစ် ကောက်ယူခြင်းများ ဆောင်ရွက်

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ရေပြာ‌ကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် e-ID စနစ်အတွက် Biographic/ Biometric ကောက်ယူခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးသွားသည့်နေအိမ်မှ မိသားစုဝင်များအားထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်ဆီးသွားသည့် နေအိမ်မှ မိသားစုဝင်များလက်ဝယ်အရောက်ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ယနေ့လယ် ၃ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ကျောင်းသားလူငယ်များအနေဖြင့် နေ့ထူးနေ့မြတ် အထိမ်းအမှတ် အခမ်းအနားပွဲများတွင် အခမ်းအနားမှူးကောင်းတစ်ယောက်အဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်နှင့် အရည်အချင်းပြည့်ဝသည့် အခမ်းအနား မှူးကောင်းတစ်‌ယောက်ဖြစ်လာစေရန် ရည်ရွယ်၍ အထောက်အကူပြုသင်တန်းဖြစ်သည့် အခမ်းအနားမှူးသင်တန်းကို မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Subscribe to