အောင်လံ မေ ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အောင်လံမြို့နယ် စက်ရုံရပ်ကွက် ဦးသန်းဌေးအောင်၏ Double Rooler Gin ဝါကြိတ်စက် စက်ရုံလည်ပတ်မှုအခြေအနေအား ယမန်နေ့ နံနက် ၁၁ နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်ဦးတင့်လွင်သည် Double Rooler Gin ဝါကြိတ်စက် စက်ရုံလည်ပတ်လည်ပတ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်း၊ ဒေသထွက်ဝါမျိုးများ၏ အရည်အသွေး ခွဲခြားကြိတ်ခြင်း လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးခြင်း၊ ဘေထုတ်ထုတ်ပိုးခြင်း ၊ သိုလှောင်ခြင်းများ စနစ်တကျရှိစေရေး ကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လမ်းညွှန်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)