သရက် မေ ၈
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ သောက်သုံးရေအခက်အခဲရှိသည့် ငလှိုင်ခြုံ ရေနံမြေဘုန်းတော်ကြီးကျောင်းအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ယမန်နေ့ နံနက်(၈) နာရီက ငလှိုင်ခြုံရေနံမြေ ဘုန်းတော်ကြီးကျောင်းတွင် ရေဂါလံ (၅၀၀၀)အား လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းရာတွင် သရက်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြထွေးနှင့် ဝန်ထမ်းများက ငလှိုင်ခြုံရေနေ့မြေဘုန်းတော်ကြီးကျောင်းအတွက် သောက်သုံးရေဂါလံ (၅၀၀၀)အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)