မင်းလှ မေ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်ဆီးသွားသည့် နေအိမ်မှ မိသားစုဝင်များလက်ဝယ်အရောက်ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ယနေ့လယ် ၃ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဦးစီးအရာရှိ ဒေါ်ကေသီမြင့်နှင့်တာဝန်ရှိသူများက မေလ ၅ ရက်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ထန်းပင်ကုန်းအုပ်စု၊ ပဒေသာကုန်းကျေးရွာနှင့် နတ်ထမင်းကျေးရွာအတွင်းရှိ ပြိုလဲနေအိမ်(၃)လုံးအတွက် (၃)သိန်းကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါဝင်သည့် ပလတ်စတစ်ပုံး(၃)ပုံး၊ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်(၅)လုံးအတွက် (၂၅၀၀၀၀)ကျပ်၊ လေဘေးသင့် စုစုပေါင်းအိမ်ထောင်စု(၈)စုမှ လူဦးရေ(၄၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၈၆၁၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၅၅၀၀၀၀) ကျပ် စုစုပေါင်းငွေ(၆၃၆၁၀ဝ)ကျပ်အား လေဘေးသင့်နေအိမ်မှမိသားစုဝင်များ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)