တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်း မျက်စိတိမ်ရောဂါ ကင်းစင်ပပျောက်ရေး ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး မေ ၈ 

မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ စီစဥ်ညွှန်ကြားမှုဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများက ဝါးခြမ်းကာကျေးရွာ၊ အောင်သုခကျေးရွာနှင့် ချောင်းနက်(အရှေ့၊ အနောက်)ကျေးရွာများတွင် ယမန်နေ့နံနက်ပိုင်းအချိန်က မျက်စိတိမ်ရောဂါ ကင်းစင်ပပျောက်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် တောင်တွင်းကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနေဇော်အောင်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျေးရွာများအရောက် မျက်စိတိမ်ရောဂါ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာ ဝါးခြမ်းကာကျေးရွာမှ မျက်စိတိမ်ရောဂါတွေ့ရှိသူ (၂၄)ဦး၊ အောင်သုခကျေးရွာမှ ()ဦးနှင့် ချောင်းနက်(အရှေ့၊ အနောက်)ကျေးရွာများမှ မျက်စိတိမ်ရောဂါတွေ့ရှိသူ (၄၇)ဦးတို့အား မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး၌ အထူးကုဆရာဝန်ကြီးများက (၁၃..၂၀၂၄)ရက်တွင် အခမဲ့ ခွဲစိတ်ကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)