ကျောက်တံခါးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ၂၀၂၄ ခုနှစ် မေလ ၈ ရက်နေ့တွင်​ ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပခဲ့သည်။

ပျော်ဘွယ်မြို့နယ်၊ တလင်းကုန်းကျေးရွာတွင် အသိပညာပေးဟောပြောပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက တလင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

ကျောက်ဖြူခရိုင်ရုံး Community Centre ခန်းမ၌ အခမဲ့ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံ ပန်းချီသင်တန်းတို့အား သင်တန်းသား၊ သင်တန်းသူများက စိတ်ပါဝင်စားစွာ သင်ယူလျက်ရှိ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မေလ ၃ ရက်နေ့မှစ၍ အခမဲ့ဖွင့်လှစ်လျက်ရှိသည့် အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီသင်တန်းတို့တွင် သင်တန်းသား၊ သင်တန်းသူများက စိတ်ပါဝင်စားစွာဖြင့် သင်ယူလျက်ရှိသည်။

တွံတေးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်လုပ်ငန်းများ တာဝန်ပေးအပ်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်လုပ်ငန်းများ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် အသိပညာပေးဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်ဥက္ကလာပမြို့နယ်ရှိ KORACE အထည်ချုပ်စက်ရုံနှင့် PW & GG Co., Ltd (သစ်အချောထည်) စက်ရုံတို့၌ ပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် အပူပိုင်း‌‌‌‌‌ဒေသစိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၄ခုနှစ် မိုးရာသီ၌စိုက်ပျိုးရန် သစ်ပင်မျိုးစုပျိုးပင်ပေါင်း(၄၆၇၁၀)ပင်များ ပျိုးထောင်      

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၄ခုနှစ် မိုးရာသီ၌စိုက်ပျိုးရန် သစ်ပင်မျိုးစုံပျိုးပင်ပေါင်း (၄၆၇၁၀)ပင်များကို ပျိုးဉယျာဥ်တို့တွင် ပျိုးထောင်ထားလျက်ရှိကြောင်း သိရသည်။

မီတ္ထီလာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ နဝမအကြိမ်မြောက် ထုတ်ချေး

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ် လှည်းပွဲကျေးရွာအုပ်စု လှည်းပွဲကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလည်ပတ်ရန်ပုံငွေ နဝမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဒိုက်ဦးမြို့နယ်၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄-ခုနှစ်) အထိမ်းအမှတ် ကလေးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ​ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄-ခုနှစ်) အထိမ်းအမှတ် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to