မြောင်းမြ မေ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ကျောင်းသားလူငယ်များအနေဖြင့် နေ့ထူးနေ့မြတ် အထိမ်းအမှတ် အခမ်းအနားပွဲများတွင် အခမ်းအနားမှူးကောင်းတစ်ယောက်အဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်နှင့် အရည်အချင်းပြည့်ဝသည့် အခမ်းအနား မှူးကောင်းတစ်ယောက်ဖြစ်လာစေရန် ရည်ရွယ်၍ အထောက်အကူပြုသင်တန်းဖြစ်သည့် အခမ်းအနားမှူးသင်တန်းကို မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က သင်တန်းဖွင့် အမှာစကားနှင့် သင်တန်းစည်းမျဉ်းစည်းကမ်းချက်များအားပြောကြားပြီးနောက် အ.ထ.က (၆) မှ အငြိမ်းစားဆရာမကြီး ဒေါ်တင်တင်ဌေးက အခမ်းအနားမှူး သင်တန်းအား ဆက်လက်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မေလ(၇) ရက်နေ့မှ (၉) ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ ကျောင်းသား/သူဦးရေ စုစုပေါင်း (၃၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)