ရွှေကျင်မြို့နယ် ညောင်ဝိုင်းရပ်ကွက်သို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်တွင် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များလှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ညောင်ဝိုင်းရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။