ပုဗ္ဗသီရိမြို့နယ် ရေပြာ‌ကျေးရွာ၌ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် e-ID စနစ် ကောက်ယူခြင်းများ ဆောင်ရွက်

ပုဗ္ဗသီရိ မေ ၈

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ရေပြာ‌ကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် e-ID စနစ်အတွက် Biographic/ Biometric ကောက်ယူခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် e-ID စနစ်အတွက် Biographic/Biometric ကောက်ယူခြင်းများ‌ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ  ရေပြာ‌ကျေးရွာရှိ ကျား (၁၃) ဦး၊ မ (၂၅) ဦး စုစုပေါင်းလူဦးရေ (၃၈) ဦးတို့အား ကောက်ယူခြင်းများ ဆောင်ရွက်ပေးခဲ့ရာ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဆွေ၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မြင့်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်လင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)