ကျောက်ဆည်မြို့နယ်တွင် မိုးစပါးအပြင်သီးနှံစုံ(၂၃၇၆)ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး  ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ၌သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဩဂုတ်လကုန်အထိ တိုက်နယ်(၁၀)ခုတွင် မိုးစပါးအပြင်သီးနှံစုံ(၂၃၇၆)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

တာမွေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ရခိုင်ပြည်နယ်မှ ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ (တစ်ပတ်စာ) ထောက်ပံ့ခြင်း အခမ်းအနားကျင်းပ

ရန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ရခိုင်ပြည်နယ်မှ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သော ဆန်၊ ဆီ၊ ဆား၊ ပဲ (တစ်ပတ်စာ) ထောက်ပံ့ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍  ယမန်နေ့နံနက် (၁၀) နာရီအချိန်က တံတားမြို့အတွင်းရှိ တာပကျေးရွာမှ အခြေခံပညာအလယ်တန်းကျောင်း  သို့သွားရောက်၍  နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ဆောင်ရွက်ခဲ့သည်။

ဘားအံမြို့တွင် ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်း ဒုတိယအကြိမ်ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် ဒီဂျစ်တယ် အသိပညာ၊ခံယူချက်နှင့် အ‌လေ့အကျင့်ဆိုင်ရာသင်တန်း(ဒုတိယအကြိမ်) ဖွင့်လှစ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(ဘားအံမြို့)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာလ(၁၇)ရက်နေ့နံနက် ၈ နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ သီရိလမ်း၊ သီရိမင်္ဂလာကန်တော်ဆွမ်းလောင်းအသင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးစျေးနှင့် ကမ်းနားစျေးတို့အား ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်ဌာနမှူးများမှ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်ဌာနမှူးများမှ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းရှိ ဗဟိုစံပြငါးဈေးနှင့် ကမ်းနားဈေးတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(၆၁) မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင် ကုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်းအပြင် စုပေါင်းသန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင်ကျရောက်မည့် (၆၁) မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီး ခုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ကြသည်။

သုံးခွမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ရပ်ကွက်၊ ကျေးရွာများအထိ ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ညောင်နီကျေးရွာအုပ်စုနှင့် ရွာသစ်ကျေးရွာအုပ်စုတို့ရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဘုန်းတော်ကြီးကျောင်းဓမ္မရုံ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကလိန်အောင်မြို့၌ ဒေသခံပြည်သူများ အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးမှုအထောက်အကူပြု အပင်မျိုးပွားခြင်း သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ မိကျောင်းလှောင်းကျေးရွာတနင်္သာရီ သဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းရုံးရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခန်းမ၌ စက်တင်ဘာ ၁၉ ရက်နေ့နံနက် ၁၀ နာရီက ဒေသခံပြည်သူများအား အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးမှုအထောက်အကူပြု အပင်မျိုးပွားခြင်း သင်တန်းဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to