ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူများ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌  ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ ပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  စက်တင်ဘာ ၁၉ ရက် နံနက် ၉နာရီခွဲက သရက်ချောင်းမြို့ အ-ထ-က(သရက်ချောင်း) ပညာရတနာခန်းမ၌ ကျင်းပသည်။

 ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်

ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ချိန်အတွင်း မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ရုံးစာရေးသားနည်းသင်တန်း  ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ဒေါပုံမြို့နယ်တွင် မကူးစက်ရောဂါများနှင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဆောင်ရွက်

ဒေါပုံမြို့နယ်တွင် မကူးစက်ရောဂါများနှင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဆောင်ရွက် ဒေါပုံ စက်တင်ဘာ ၁၉ စိုးစန္ဒာညိမ်း(ပြန်/ဆက်)

မဟာအောင်မြေမြို့နယ် အ.လ.ကခွဲ (၁)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်‌ရေးရာ အသိပညာပေး 

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၉ရက် နံနက်ပိုင်းက ကျင်းပသည်။

မင်းလှမြို့နယ်၊ သဖန်းချောင်းကျေးရွာတွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) ကျေးလက်နေပြည်သူများ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် သမဝါယမဦးစီးဌာနနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village) ဆောင်ရွက်လျက်ရှိသည့် သဖန်းချောင်းကျေးရွာရှိ ကျေးလက်နေပြည်သူများအား အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက သဖန်းချောင်းကျေးရွာ၊ အောင်သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

လှိုင်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ လှိုင် စက်တင်ဘာ ၁၉ ဇော်ဇော်နိုင်(ပြန်/ဆက်)

ကျောက်ဆည်မြို့နယ် ဒွေးလှကျေးရွာတွင် စိုက်ပျိုးထားသော  ပဲမြစ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ဒွေးလှကျေးရွာမှ တောင်သူ အများအနေဖြင့် ယာမြေအများစုပိုင်ဆိုင်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင် ရာတွင် ပန်းလောင်၊ စမုံမြစ်ရေများ၊ မိုးရေနှင့်မြေအောက်(အဝီစိ)ရေများကိုအဓိကထားပြီး သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်းနှင့် တောင်သူဦးယဉ်မင်းထွန်းစိုက်ပျိုးထားသော ပဲမြစ် စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အောင်လံမြို့နယ်၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ (၁)ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက အောင်လံမြို့၊ သာသနာ့ဗိမာန်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌  ထူးချွန်ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းက ကြီးမှူးကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၉ နာရီက မြို့ကက်သလစ်ဓမ္မာရုံ၌ ကျင်းပသည်။
Subscribe to