သဲကုန်းမြို့နယ် ဆင်မြီးဆွဲမြို့၌ အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဆင်မြီးဆွဲမြို့၊ မြို့ပေါ်ရပ်ကွက် (၂) ခုရှိ ပြိုကျပျက်စီးခဲ့သော နေအိမ်ရှိ အိမ်ထောင်စုများနှင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ်များရှိ အိမ်ထောင်စုများအား ယနေ့နံနက် (၁၁) နာရီအချိန်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဓနုဖြူမြို့ မြို့မစျေးမီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်အဖွဲ့သည် ဓနုဖြူမြို့ အမှတ်(၅)ရပ်ကွက်ရှိ မြို့မစျေးမီးလောင်မှုဖြစ်ပွားခဲ့သည့် နေရာအား ဧပြီလ ၂၆ ရက်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဟိုပုံးမြို့ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ်(၂၄) သင်တန်းဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်သူ့စစ်မှု ထမ်းသင်တန်းအမှတ်စဥ်(၂၄)သင်တန်းဖွင့်ပွဲကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်း စစ်ရေးပြကွင်းတွင် ယနေ့နံနက်ကကျင်းပရာ  ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် အဖွဲ့ဝင်များ၊  အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် အဖွဲ့ဝင်များ၊ ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး သန်းနိုင်လွင်နှင့် အရာရှိစစ်သည်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။

နောင်မွန်းမြို့နယ် ရက် (၁၀၀) စီမံချက်ဖြင့် ပြည်သူ့အားကစားကွင်းနှင့် ပြည်သူ့ဆေးရုံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ခြင်၊ ယင်၊ မှတ် အန္တရာယ်များ ကင်းရှင်းစေရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်နယ်အစိုးရ၏လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ခြင်းကို ဧပြီလ ၂၅ ရက်နံနက် ၈ နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်းနှင့် ပြည်သူ့ဆေးရုံဝန်းအတွင်းတွင် ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်း‌ယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး (မြို့ပေါ်လုံခြုံရေးတာဝန်) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၃၁၁)ခြေမြန်တပ်ရင်း ခန်းမဆောင်၌ ကျင်းပသည်။

မိုးနဲမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ မွမ်းမံသင်တန်းဖွင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး(မြို့ပေါ်လုံခြုံရေးတာဝန်) မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၂၄၈) ခြေလျင်တပ်ရင်း စားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်မြေခံတပ်ရင်တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ KG နှင့် Grade 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်ကို ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပြည်နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်ပညာရေးမှူးရုံး ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

မြန်အောင်မြို့နယ် မြို့မတဲကြီးကုန်းကျေးရွာအုပ်စု ဖက်တန်းရွာ၊ ရွာသစ်ကုန်းရွာ၊ ဘာဝနာရွာ၊ ရှမ်းစုကျေးရွာများသို့ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ကျေးရွာအရောက် ကွင်းဆင်းရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မြို့မတဲကြီးကုန်းကျေးရွာအုပ်စုဖက်တန်းရွာ၊ ရွာသစ်ကုန်းရွာ၊ ဘာဝနာရွာ၊ ရှမ်းစုကျေးရွာများရှိ အိမ်ခြေ ၂၅၀ ခန့်ကို ဧပြီလ ၂၄ ရက်နေ့နံနက်က စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ကျေးရွာအရောက် ကွင်းဆင်းရောင်းချပေးခဲ့သည်။

မြို့သစ်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်‌ရေး သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်အစီအစဉ်ဖြင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးသင်တန်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ဧပြီ ၂၅ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် Unique ID နံပါတ်များ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ မြို့မရပ်ကွက်ဓမ္မာရုံ၌ ပြည်သူ့အစိုးရ၏ ရက် (၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်‌ပေးခြင်းနှင့် Unique ID နံပါတ်မရှိသူများပြုလုပ်ထုတ်ပေးခြင်းအား ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်သည်။
Subscribe to