အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ညောင်ရွှေ ဧပြီ ၂၇

အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီသည် ယမန်နေ့ နေ့လည်ပိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရဲမြင့်စိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိုးရတို့လိုက်ပါလျက် ပထမရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများဖြစ်သည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ အင်းသားတိုင်းရင်းသားရေးရာဝန်ကြီးသည် ညောင်ရွှေမြို့နယ် တိလောစခန်းကြီး ကျေးရွာအုပ်စု ပေါရိသတ်ကျေးရွာသစ် လမ်းခင်းမည့်နေရာအား ရောက်ရှိစစ်ဆေးရာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး အင်းသားတိုင်းရင်းသားရေးရာဝန်ကြီးသည် နဒီကန်နှုန်းအိတ်ကွင်းနှင့် ကြေးကိုင်ကျေးရွာအနီးရှိ ပေါရိသတ်ကွင်းနှင့်ဆက်သွယ်မည့် အုန်းမျှင်ကုန်ထုတ်တံတားတည် ဆောက်မည့် နေရာတို့အား သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ