ပင်လောင်း ဧပြီ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြင့်မွမ်းမံ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၄) စစ်အခြေခံလေ့ကျင့်ရေးတပ် အမှတ် (၂)တပ်ခွဲ သင်တန်းခန်းမ၌ ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ကြီးကြပ်ကွပ်ကဲရေးမှူး၊ မြို့နယ်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်စိုးမြင့်က အဖွင့်အမှာစကားပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ အမှတ်(၄)စစ်အခြေခံလေ့ကျင့်ရေးတပ် တပ်နယ်မှူးနှင့်အရာရှိများ၊ မြို့နယ်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က တက်ရောက်ကြသည်။
အဆိုပါ (မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြင့်မွမ်းမံသင်တန်းသို့ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ အဖွဲ့ဝင် (၇၀)ဦးတက်ရောက်ကြပြီး၊ သင်တန်းကာလ ရက်သတ္တပတ် လေးပတ်ကြာ သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်