ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း တောင်ငူကေတုမတီမြို့ဟောင်းနှင့် ပဲခူး ဟံသာဝတီမြို့ဟောင်း ပြန်လည်ဖော်ထုတ်ထိန်းသိမ်းထားရှိမှုများ ကြည့်ရှုစစ်ဆေး

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်းဖော်ထုတ်ထိန်းသိမ်းထားရှိမှု အခြေအနေများအား ကြည်ရှုစစ်ဆေးသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီးနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တွေဆုံပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ခန့်ထားရေးကိစ္စနှင့်မူဝါဒလမ်းညွှန်ချက်များအား Video Conferencing ဖြင့် ချပြရှင်းလင်းမှာကြားခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။

ကျောက်တန်းမြို့နယ်၌ ရက် (၁၀၀) အထူးစီမံချက်ဖြင့် အိမ်ထောင်စုလူဦး‌‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် အထူးစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသက် (၁၀) နှစ်ပြည့် နိုင်-၃ (က)နှင့် အသက် (၁၈) နှစ်ပြည့် နိုင်-၆ (က)များ ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့က ကျောက်တန်းမြို့နယ် ရွှေပြည်သာယာရပ်ကွက်ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်သည်။

ကလောခရိုင်ပြည်သူ့ဆေးရုံနှင့် အောင်ပန်းမြို့၊ လှည်းရိုးကျောင်းတိုက်တွင် သွားကျန်းမာရေးကွင်းဆင်း ကုသပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင် ပြည်သူ့ဆေးရုံ၊ အောင်ပန်းမြိုနှင့် ဟဲဟိုးမြိုအတွင်းရှိ မြိုနယ်၊ကျေးရွာများတွင် မန္တလေးမြို့သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ပါမောက္ခများ ဦးဆောင်၍ ဘွဲ့လွန်သင်တန်းသားဆရာဝန်များပါဝင်သည့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းမှစ၍ ကွင်းဆင်းဆေးကုသရေးပေးလျက်ရှိ‌ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ငဖြူကလေးကျေးရွာအုပ်စု၌ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

မှော်ဘီမြို့နယ်၌ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သော နွေစပါး စံပြစိုက်ပျိုးကွက်သရုပ်ပြရိတ်သိမ်းပွဲကျင်းပ

စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးဆောင်မှုဖြင့် မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာ၊ တောင်သူဦးနေမျိုးလှိုင်၏ (၁၀) ဧက၌ နွေစပါးစိုက်ခင်းတွင် တောင်သူများပါဝင်သော ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သော နွေစပါးစံပြစိုက်ပျိုးကွက် သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။ 

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁၅)၊ (၁၂၄) ရပ်ကွက်များ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီသင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီသင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ လေပြင်တိုက်ခတ်မှုကြောင့် ရုံး၊ ဌာန၊ အများပြည်သူသွားလာရာနေများရှိ သစ်ပင်ကြီးများ၊ ဓာတ်တိုင်များ လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းတို့အား ဖယ်ရှားရှင်းလင်းပေးနေမှုအား လိုက်လံကြည့်ရှုအားပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ယမန်နေ့ ည ၁၀ နာရီခွဲမှစတင်၍ ည ၁၁ နာရီထိ လေပြင်းတိုက်ခတ်ခဲ့ပြီး မိုးရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များရှိ သစ်ပင်များ၊ ဓာတ်တိုင်များ လဲကျ၍ ရုံး၊ ဌာနများနှင့် အများပြည်သူများ သွား/လာရာနေများတွင် လမ်းပိတ်စို့မှုများ ဖြစ်ပွားခဲ့သဖြင့် ရှင်းလင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစ၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး ချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် နွေရာသီရှမ်းစာသင်တန်းဆင်းပွဲသို့ တက်ရောက်

ရှမ်းမျိုးနွယ်စုဝင် လူငယ်လူရွယ်များအား ရှမ်စာပေနှင့်စကား ပိုမိုလေ့လာနိုင်ရေးအတွက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း (တိုင်းလုံ)က ကြီးမှူး၍ ဖွင့်လှစ်ပေးခဲ့သော (၁၆)ကြိမ်မြောက် နွေရာသီရှမ်းစာသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်၊ နောင်ခမ်းရှမ်းရွာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်း၊ ဦးတင်အောင်၊ ဦးလီပေါ်ရဲ့၊ ဦးမယစ်ယောရှုတို့ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
Subscribe to