သံဖြူဇရပ်မြို့နယ် အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ်ဧပြီ ၂၇ မှ ဇွန် ၃၀ ရက်ထိ ရက်သတ္တ (၁၀) ပတ်ကြာ ဖွင့်လှစ်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၄) အား ဝဲကလိကျေးရွာရှိ အမှတ် (၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းစစ်ရေးပြကွင်းတွင် ယနေ့ နံနက် ၇ နာရီအချိန်က သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ တိုင်းဦးစီးချုပ် (အရှေ့တောင်တိုင်းစစ်ဌာနချုပ်) ဗိုလ်မှူးချုပ် ဌေးလွင်ဦး၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး၊ ဒုတိယကျောင်းအုပ်ကြီး မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး​ကြီးကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ (အတွင်းရေးမှူး) ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လင်းထွေး၊ ​ပြည်နယ်ရဲမှူးကြီး ထွန်းအောင်ကျော်၊ နည်းပြအရာ ရှိ/ စစ်သည်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသားစုစုပေါင်း (၂၈၃) ဦး တက်ရောက်ခဲ့ကြသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး (မြို့ပေါ်လုံခြုံရေး)အဖွဲ့ စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲနှင့် ကျေးရွာမီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး (မြို့ပေါ်လုံခြုံရေး)အဖွဲ့ စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားပေးပြီး ထောက်ပံ့ငွေများကိုပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူသည်။ 

ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ နယုန်လဗုဒ္ဓပူဇနိယပွဲတော် ၁၆ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ နယုန်လဗုဒ္ဓပူဇနိယပွဲတော်ကို မေလ ၂၃ ရက်မှ ဇွန်လ ၇ ရက်နေ့အထိ ၁၆ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်

ပဲခူးတိုင်းဒေကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဖောင်းပြင်မြို့၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာနှိုးဆော်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဥ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း‌ နေထိုင်ကြသည့် ပြည်သူများ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညနေပိုင်းက လူစည်ကားရာ နေရာများတွင် နှိုးဆော်ခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်မဂ္ဂဇင်း ဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၏ ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ဒေသတွင်း စာပေဝါသနာရှင်များ၏ သုတ၊ ရသစာပေများ ပြည့်စုံစွာဖော်ပြနိုင်ရန်ရည်ရွယ် ထုတ်ဝေမည့် ကျုံပျော်မြို့နယ်မဂ္ဂဇင်း ဖြစ်မြောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က ပြုလုပ်သည်။

မြန်အောင်မြို့နယ်၌ ပြည်သူ့အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းကို ဧပြီ ၂၅ ရက်နေ့က ကျွဲတဲကုန်း‌ကျေးရွာ အုပ်စုနှင့် ကွင်းကြီးဒေါင့်‌ကျေးရွာအုပ်စုတို့၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် နွေရာသီကာလ သံပုရာသီး ဈေးကောင်းရ၍ စိုက်ပျိုးသူများအဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်‌တွင် နေအိမ်ခြံဝင်းများအတွင်း မြေအောက်ရေတင်ပြီး နှစ်ရှည်ပင်သီးနှံစုံစိုက်ပျိုးကြရာ နွေရာသီကာလ သံပုရာသီး ဈေးကောင်း ရ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံရေးအတွက် တာဝန်သိစိတ်ဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသော ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက နယ်မြေခံတပ်ခန်းမတွင် ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀) ဖွင့်ပွဲအခမ်းအနား တက်ရောက်

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဠ ဒေါက်တာမောင်မောင်ဌေး၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးတပ်နယ်အသီးသီးမှ အရာရှိစစ်သည်များ၊ မကွေးလေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများ၊ အခြေခံလေကြောင်း လူငယ်သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
Subscribe to