ကျိုင်းတုံ ဧပြီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ပြည်နယ်အဆင့်)ဆင့်ပွား ဆွေးနွေးပွဲ ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ သံလွင်ခန်းမတွင် ကျင်းပသည်။
ဖွင့်ပွဲတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က အမှာစကားပြောကြားပြီး ပြည်နယ်ပညာရေးမှူး(ရုံးခွဲ) ကျိုင်းတုံမြို့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်အေးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ပြည်နယ်အဆင့်) ဆင့်ပွားဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်များရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ ၅၀ ဦး တက်ရောက်ပြီး ဧပြီလ ၂၇ ရက်မှ မေလ ၉ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)