တပ်ကုန်း ဧပြီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်၊ မြသိင်္ဂီသီလရှင် စာသင်တိုက် ဆရာကြီးဒေါ်ဧသုသိင်္ဂီ၏ ဂုဏဝိသိဌထပ်ဆင့်ပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ စာသင်တိုက်တွင် ကျင်းပခဲ့သည်။
ဦးစွာ တက်ရောက်လာသည့် ဆရာတော်၊ သံဃာတော်များ၊ ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီးနောက် မင်္ဂလာဆိုင်တော်မှ ထူးမခြားနားသီချင်း သီဆိုပူဇော်ကာဘွဲ့ တံဆိပ်တော်ရ ဆရာကြီးဒေါ်ဧသုသိင်္ဂီ၏အတ္ထုပ္ပတ္တိအား ဖတ်ကြားပူဇော်၍လည်းကောင်း၊ ဆရာစံရပ်ကွက်၊ ဘုရားနီကျောင်းတိုက် ဘဒ္ဒန္တပညာသီရိထံမှ ငါးပါးသီလခံယူတည်ဆောက်ကာ မိုးကုတ်နယ်လှည့်ဓမ္မကထိက ဘဒ္ဒန္တဝဏ္ဏိသရ ရန်ကုန်ဆရာတော်က သမ္မောဒဏိယ ဝမ်းမြောက်စကားမိန့်ကြားတော်မူခဲ့ပြီးနောက် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသီနိုင်က ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဒေါ်ဧသုသိင်္ဂီအား ဘွဲ့တံဆိပ်တော်နှင့်အဆောင်အရောင်များ ထပ်ဆင့်ဆက်ကပ်ပူဇော်ကာ စေတနာအလှူရှင်များက လှူဖွယ်ပစ္စည်းနှင့်အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာစံရပ်ကွက်၊ မဟာဇနကစာသင်တိုက် ဘဒ္ဒန္တဝဏ္ဏရဟဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရားတော်ချီးမြှင့်ကာ ဗုဒ္ဓသာသနံ စိရံ တိဌတုသုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။
တင်စိုးလွင်