လပွတ္တာမြို့နယ်၌ ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်းလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တလုတ်တောင်ကျေးရွာတွင် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ညနေ ၄ နာရီက လပွတ္တလုတ်တောင်ကျေးရွာအုပ်စု၊ အခြေခံပညာအထက်ကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယန်းမြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖတ်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၂၈၁)ခြေလျင်တပ်ရင်းခန်းမ၌ ကျင်းပသည်။

လပွတ္တာမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်အရ လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်အရ ဆောင်ရွက်မည့် စီးပွားဖြစ် မွေးမြူ‌ရေးခြံစာရင်းများ ကောက်ယူခြင်း၊ အစာဆိုင်ဆေးဆိုင်စာရင်းများအားကောက်ယူ၍ ယာယီမှတ်ပုံတင်ခြင်း၊ မေထုံမဲ့သားစပ်လုပ်ငန်းများ‌ဆောင်ရွက်ခြင်း၊ ပညာပေးသင်တန်းများဖွင့်လှစ်ခြင်း၊ မွေးမြူရေးခြံများအား နမူနာပြပိုးသတ်ဆေးဖျန်းဆောင်ရွက်ခြင်းနှင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်ခြင်းစသည့် လုပ်ငန်း ၆ ရပ်မှ ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီချိန်က ခရိုင်မီးသတ်ဦးစီးဌာန နွားမွေးမြူရေးခြံတွင် ဆောင်ရွက်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံရေးအတွက် တာဝန်သိစိတ်ဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ လုပ်ငန်းစွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၈) ကာကွယ်ရေးပစ္စည်းစက်ရုံ တပ်ရင်းခန်းမ၌ ကျင်းပသည်။

ချောက်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက် အေးစေတီရပ်နှင့်အမှတ် (၁၃)ရပ်ကွက် အာရှရပ်တွင်စုပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအတွက် စက်သုံးဆီဖြန့်ဝေမှုများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာတွင် ဆန်စက်လုပ်ငန်းရှင်များအတွက် စက်သုံးဆီဖြန့်ဝေမှုများအား တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

နတ်မောက်မြို့၌ ပြည်သူလုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ပိတောက်ငုတ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

လပွတ္တာမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် unique ID နံပတ်များကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးကကြီးမှူး၍ အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် unique  ID နံပတ်ထုတ်ပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က လပွတ္တာမြို့အမှတ် (၆) ရပ်ကွက်၊ အောင်တော်မူဘုရား ဘုရားတန်‌ဆောင်းနှင့် အမှတ်(၈)ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲ တက်ရောက်

မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၄) (၄/၂ဝ၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းစစ်ဦးစီးချုပ်၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂) လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ရေးမှူး ဦးဥာဏ်လင်းထွေး၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး၊ အရာရှိအရာခံများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်သည်။

ရွှေကောင်းမှုတော်စေတီ ထုံးသင်္ကန်းဆက်ကပ်ပူဇော်လှူဒါန်းပွဲ၊ ဗုဒ္ဓဘိသေကအနေကဇာတင်လှူပွဲနှင့် ရွှေဘုန်းမြင့်စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင်သပြေ တစ်ထောင်ကျောင်းတိုက်၌ ရွှေကောင်းမှုတော်စေတီ ထုံးသင်္ကန်းဆက်ကပ်ပူဇော်လှူဒါန်းပွဲ၊ ဗုဒ္ဓဘိသေကအနေကဇာတင်လှူပွဲနှင့် ရွှေဘုန်းမြင့်စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်ဇနီး၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ တပ်နယ်တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့်အလှူရှင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။
Subscribe to