မိုင်းရယ်မြို့ အ.လ.ကတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့၌ အခြေခံပညာကျောင်းအလယ်တန်းကျောင်း (မိုင်းရယ်)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်အား ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်သည်။

တံတားမြို့၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ တူးမြောင်းကျေးရွာတွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် စာပေဝါသနာရှင်တို့ပူးပေါင်း၍ စာရေးဆရာ ထွန်းလှိုင်(မြိုင်) ရေးသားထားသည့် “ကြုံကြိုက်လို့ပါဆရာရယ်နှင့် မွေးမြူရေးဝတ္ထုတိုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ  ရောစပ် ကြဲပက်ခြင်း တောင်သူပညာပေးသရုပ်ပြ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၏ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး အတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁ အချိုး ၃)ရောစပ် ကြဲပက်ခြင်း တောင်သူ ပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈နာရီက ရွာသစ်ကျေးရွာအုပ်စုရှိ တောင်သူ ဦးကြည်တင်၏ မိုးစပါး ပန်းတိုင်ရရှိရေးစံပြကွက်စိုက်ခင်း (၅)ဧကတွင် ဆောင်ရွက်သည်။

စေတုတ္တရာမြို့နယ် မူလတန်းကြိုကျောင်း၌ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ကလေးသူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ရဲရင့်စွာ ပြောဆိုတတ်စေရန်၊ စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်၍ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက စေတုတ္တရာမြို့နယ် မူလတန်းကြိုကျောင်း၌ ကျင်းပသည်။

ကျိုင်းတုံမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံပညာ ကျောင်းသား အားကစားပွဲတော်ကို စက်တင်ဘာ ၁၈ ရက်က တြိဂံဒေသတိုင်းစစ်ဌာနချုပ် အားကစားကွင်း၊ ကျိုင်းတုံမြို့၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌(KG) ကျောင်းသားကျောင်းသူများအား ဒုတိယအကြိမ်အာဟာရကျွေးမွေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့တွင် (KG)ကျောင်းသားကျောင်းသူများအား  ဒုတိယ အကြိမ်အာဟာရကျွေးမွေးခြင်းကို စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)၌ ဆောင်ရွက်သည်။  

အောင်လံမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ စပါးစိုက်ဧကလျာထားပြည့်မီရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများစပါးစိုက်ဧက လျာထားပြည့်မီရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဘွက်ကြီးဆည်ရေသောက်ကွင်းနှင့် ပဒဲဆည်ရေသောက် တောင်သူများနှင့် ရွာမထုံးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံခဲ့သည်။
Subscribe to