သန်လျင်မြို့ မြို့မဈေးကြီး၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် စျေးပိတ်ချိန်တွင် လိုက်လံစစ်ဆေး

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီး၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် စျေးပိတ်ချိန်တွင် တာဝန်ရှိသူများမှ ယမန်နေ့ ညနေ (၆) နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံရေးအတွက် တာဝန်သိစိတ်ဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ လုပ်ငန်းစွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုး အလုပ်သမားဆေးရုံ (ထန်းတပင်) ၌ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများ ကြည့်ရှုအားပေး

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) သို့ သွားရောက်၍ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား ကျန်းမာရေးပြုစုစောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက အမှတ်(၂၈၁)ခြေလျင်တပ်ရင်းခန်းမ၌ ကျင်းပသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်သူ့ဆေးရုံ ကြည့်ရှုစစ်ဆေး

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ဒဂုံမြိုသစ် (တောင်ပိုင်း) မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနသို့ ယမန်နေ့ နံနက်ပိုင်းကလာရောက်ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။

ချောင်းဆုံမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ စွမ်းရည်မြှင့်မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်

မွန်ပြည်နယ် ၊ချောင်းဆုံမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ စွမ်းရည်မြှင့်မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ချောင်းဆုံအရှေ့ရပ်ကွက်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အမှတ် (၆) တိုက်ပွဲဝင် စည်းရုံးရေးသင်တန်းကျောင်းခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

သဲကုန်းမြို့နယ်အတွင်း မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံးပြိုကျ၍ နေအိမ်အချို့ အမိုးလန်ပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ယမန်​နေ့က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့တွင် နေအိမ်တစ်လုံးပြို၍ နေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ နှစ် ၈၀ ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေကုန်းရပ်ကွက်အတွင်း နှစ် ၈၀ ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်၊၊

ဆိပ်ကြီးခနောင်တိုမြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပေးပြောကြားခြင်း၊ လိုက်လံစစ်ဆေးခြင်းပြုလုပ်ခဲ့သည်။

ငဖဲမြို့နယ် ရှောက်ဝကျေးရွာတွင် ဆဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ဇီးတောကျေးရွာအုပ်စု ရှောက်ဝကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် ရှောက်ဝကျောင်းဆရာတော် ဘဒ္ဒန္တလက္ခဏသာရ၏ ဩဝါဒကိုခံယူပြီး ဆရာတော်၏တပည့်များမှကြီးမှူး၍ မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့ထိ တစ်လကြာဖွင့်လှစ်သင်ကြားပေးခဲ့သည့် ဆဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန်က အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။
Subscribe to