မင်းလှ ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ မြို့မရပ်ကွက်ဓမ္မာရုံ၌ ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် Unique ID နံပါတ်မရှိသူများပြုလုပ်ထုတ်ပေးခြင်းအား ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်သည်။
ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဖေမောင်ကျော်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက အသက်(၁၀)နှစ်ပြည့်၊ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ပြုလုပ်လိုသည့်ကျောင်းသား/သူများ၊ ဒေသခံပြည်သူများအား လိုအပ်သည့် အချက်အလက်၊ အထောက်အထားများ ဖြည့်စွက်ကာ စိစစ်ထုတ်ပေးပြီး ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်း၊ Unique ID နံပါတ်များ ထုတ်ပေးခြင်း လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)