ငါးသိုင်းချောင်းမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးဘေး လုံခြုံရေးသရုပ်ပြလေ့ကျင့်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ သဘာဝဘေးအန္တရာယ်ပေါ်ပေါက်လာပါက လက်တွေ့အသုံးချနိုင်ရန်နှင့် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးဘေးလုံခြုံရေးသရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ (တက်ဆိပ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။