ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြစ် အစားအစာ ထောက်ပံ့ငွေနှင့် အားတိုးဆေးများ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက်သည် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဖွဲ့များနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့နယ်၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမရှိ ပြည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းသို့သွားရောက်၍ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြစ် အစားအစာ၊ ထောက်ပံ့ငွေနှင့် အားတိုးဆေးများထောက်ပံ့ပေးအပ်ခဲ့သည်။

မင်းလှမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးရာသီအတွက် (ပထမအကြိမ်) ဂရန်အင်းနှင့် အိတ်ဖွင့်တင်ဒါချက်များ လေလံရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခ ရိုင်၊ မင်းလှမြို့နယ်ငါးလုပ်းငန်းဦးစီး ဌာနက ၂၀၂၆ -၂၀၂၇ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် (ပထမအကြိမ်) ဂရန်အင်းနှင့် အိတ်ဖွင့်တင်ဒါချက်များ လေလံတင်ရောင်းချခြင်းအခမ်းအနားကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ကလောမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်) စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်)အတွက် စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကလောမြို့အမှတ်(၇) ခြေလျင်တပ်ရင်း ဌာနချုပ်ရှိ စီစီဝမ်တာပန်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြနှင့်သင်တန်းတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ဟဲဟိုးမြို့၌ သွားကျန်းမာရေးကွင်းဆင်း ကုသပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တိုက်နယ်ခန်းမ၌ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)မှ သွားဘက်ဆိုင်ရာ ပါမောက္ခများ ဦးဆောင်သော ဘွဲ့လွန်သင်တန်းသား ဆရာဝန်များအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်မှစ၍ သွားကျန်းမာ‌ရေးဆိုင်ရာ အခမဲ့ကုသပေးခြင်း‌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲကျင်းပ

ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိ နယ်မြေခံသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းသန်း၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်ချုပ်သူနည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရွှေကျင်မြို့တွင် လေး‌ထပ်ဘုန်းတော်ကြီးကျောင်း ဆရာတော်၏ သက်တော် (၈၀) ပြည့် မွေးနေ့မင်္ဂလာနှင့် ဘွဲ့တံဆိပ်တော်ရ အရှင်မြတ် (၂) ပါးတို့အား ဂုဏ်ပြုပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် လေး‌ထပ်ဘုန်းတော်ကြီးကျောင်း ဆရာတော်၏ သက်တော် (၈၀) ပြည့် ပတ္တမြားရတု ဝိဇာတာမွေးနေ့မင်္ဂလာနှင့် သာသနဓဇဓမ္မစရိယဘွဲ့တံဆိပ်တော်ရ အရှင်မြတ် (၂) ပါးတို့အား ဂုဏ်ပြုပွဲကို ယနေ့နံနက် (၇) နာရီအချိန်က ကျင်းပခဲ့သည်။

ကျောက်မဲမြို့ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး၏ ရွှေထီးတော်သစ်ပင့်ဆောင်၍ မြို့တွင်းလှည့်လည်အပူဇော်ခံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့၊ အမှတ်(၁)ရပ်ကွက်၊ လွယ်ခွန်တောင်ရှိ သီဟိုဠ်ပရိယတ္တိစာသင်တိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော သာသနာ ၂၅၀၀ ပြည့် အထိမ်းအမှတ် မဟာမြတ်မုနိဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်ကြီး၏ ဂန္ဓကုဋိဘုံခုနှစ်ဆင့် ပြာသာဒ်ကျောင်းဆောင်တော်ကြီးအတွက် ရွှေထီးတော်သစ်ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့မှ ပင့်ဆောင်ရောက်ရှိလာပြီး မြို့တွင်းလှည့်လည်အပူဇော်ခံခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောင်မတီမှကြီးမှူး၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူး၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၊ ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါးစံကွက်ရိတ်သိမ်းခြင်း၊ ၂၀၂၆ - ၂၀၂၇ ခုနှစ်၊ မိုးစပါးအတွက် တောင်သူများသို့ စပါးမျိုးသန့်မျိုးပွားမျိုးစေ့၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် သဘာဝမြေဩဇာများပေးအပ်ခြင်း အခမ်းအနားကျင်းပ

၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါးစံကွက်ရိတ်သိမ်းခြင်း၊ ၂၀၂၆-၂၀၂၇၊ မိုးစပါးအတွက် တောင်သူများသို့ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder)၊ ရေတင်ဆိုလာပန့်၊ စပါးမျိူးသန့်မျိုးပွားမျိုးစေ့၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် သဘာဝမြေဩဇာများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ရင်းတိုက်ကွင်းကျေးရွာ၊ တောင်သူ ဦးစိုးထွန်း၏ လယ်မြေတွင် ကျင်းပသည်။

စလင်း​မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာ၊ ရပ်ကျေးစာရေးဝန်ထမ်းများ ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပြည်သူများအတွက်၊ မြို့နယ်အတွင်း ရပ်ရွာအကျိုးပြုလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအကျိုးရှိစေရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက်ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်ကျေးရွာ စာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ္တမြား၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to