မြို့သစ်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်‌ရေး သင်တန်းဖွင့်လှစ်

မြို့သစ် ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်အစီအစဉ်ဖြင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးသင်တန်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ဧပြီ  ၂၅ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ‌ဦးကျော်ဝင်းထက်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးမြမြငြိမ်းချမ်းက ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းပို့ချခြင်းအား ဆောင်ရွက်သည်။

အဆိုပါ သင်တန်းကို ဧပြီ ၂၅ ရက်မှ ၂၇ ရက် အထိ သင်တန်းပို့ချပေးမည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်း‌လုပ်ကိုင်‌ဆောင်ရွက်သည့် သင်တန်းသား ၂၀ ဦး တက်ရောက်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးက သိရသည်။

သန်းဝင်းထွန်း ပြန်/ဆက်