မိုးနဲမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ မွမ်းမံသင်တန်းဖွင့်

မိုးနဲ ဧပြီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး(မြို့ပေါ်လုံခြုံရေးတာဝန်) မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၂၄၈) ခြေလျင်တပ်ရင်း စားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်မြေခံတပ်ရင်တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မိုးနဲတပ်နယ်မှူးကိုယ်စား အမှတ်(၃၆၃)အမြှောက်တပ်ရင်မှ ဗိုလ်မှူးဆန်းလင်းနိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းသားများအတွက် ထောက်ပံ့ငွေများကို ဗိုလ်မှူး ဆန်းလင်းနိုင်ကပေးအပ်ရာ တာဝန်ခံ ဗိုလ်ကြီးဉာဏ်ထွန်းဝင်းက လက်ခံရယူခဲ့သည်။

အဆိုပါ သင်တန်းတွင် နည်းပြ ၆ ဦးတို့က သင်တန်းသား ၅၀ ဦးကို အခြေခံလက်နက်ငယ် ဖြုတ်/တပ်ခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ ရှေးဦးပြုစုခြင်းစသည့်ဘာသာရပ်များကို မေလ ၂၄ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)