မချမ်းဘောမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ဒေသခံပြည်သူများ၊ စာဖတ်ပရိတ်သတ်များ အသိပညာဗဟုသုတရရှိရန်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာဗဟုသုတများကို မျှဝေနိုင်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ပြသခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးဆိုင်ရာသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ် စိုက်ထူခြင်းကို မေလ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန်က အမှတ်(၄)ရပ်ကွက် ရှစ်မျက်နှာဘုရားရှေ့ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိန်ပညာ)ရေးသားသည့် "ပထမမင်္ဂလာ"  စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ရေဦးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြော

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် (၁၀) နာရီက ကျောင်းသားလူငယ်များ မူးယစ်ဆေးကင်းဝေးစေရေးအတွက်  မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာ (၃) လစာ ထောက်ပံ့ပေးအပ်ပွဲအခမ်း အနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာ (၃) လစာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းကုန်းမြို့၌ မိုးရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂၄)လုံးပြိုကျပြီး (၃၆)လုံး အမိုးလန်ပျက်စီး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း ယမန်နေ့ညနေ ၅ နာရီကျော်ခန့်က မိုးရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းနှင့် နေအိမ်(၂၄)လုံးပြိုပြီး၊ (၃၆) လုံး အမိုးလန်ပျက်စီးသွားခဲ့ကြောင်းသိရသည်။
Subscribe to