ကော့သောင်း မေ ၁၁
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် ကော့သောင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် မေလ(၉) ရက်နေ့နံနက်ပိုင်းက ကော့သောင်းမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်များသို့ သဘာဝဘေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရန်အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးများဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပြည်သူများအနေဖြင့် လေပြင်းဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်များ ကျရောက်လာပါကထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရန်နှင့် ဆောင်ရန်/ရှောင်ရန် အချက်များကိုသိရှိပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိနိုင်ရန်အတွက် ကော့သောင်းမြို့၊ မြို့ပေါ်ရပ်ကွက်များသို့ မြို့တွင်းလမ်းများ၊ လမ်းဆုံလမ်းခွများတွင် မော်တော်ယာဉ်ဖြင့် လှည့်လည်၍ အသံချဲ့စက်ဖြင့် လေပြင်းဘေးအန္တရာယ်နှင့် မိုးကြိုးဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရန်/ရှောင်ရန် အချက်များကို သတိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)