ပွင့်ဖြူ မေ ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရန် ရည်ရွယ်၍ မေ ၁၁ ရက်၊ နံနက် ၇ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းပြီး ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ဆရာ၊ ဆရာမများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအား ကျောင်းဖွင့်ရာသီချိန်၌ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ တက်ရောက်ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် အလင်းရောင် ကောင်းစွာ ရရှိစေရန် ကျောင်းဝန်းအတွင်း/ အပြင်ရှိ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းမြက်များနှင့် ချုံနွယ်များ ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ကောက်ယူရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်း လုပ်ငန်းများကို အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ မြို့ပြနှင့် ကျေးလက်ဒေသတစ်ခွင် သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ လျော့နည်းပပျောက်စေရေးနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အပတ်စဉ်စနေနေ့တိုင်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများသို့ သွားရောက်၍ အရှိန်အဟုန်မပျက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)