ကျောက်ဆည်မြို့နယ် ပုထိုနီကျေးရွာနှင့် နတ်ရင်းကုန်းကျေးရွာပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံပိုလျှံစွာသုံးစွဲနိုင်ရေး စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သန့်ရှင်းသော သောက်သုံးရေဖူလုံရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် ရေနက် စက်ရေတွင်းများနှင့် ဆက်စပ်လုပ်ငန်းများ ဖြည့်ဆည်းပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပုထိုးနီကျေးရွာနှင့် နတ်ရင်ကုန်းကျေးရွာများ၌ ပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံပိုလျှံစွာသုံးစွဲနိုင်ရေး စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။