ပေါက်ခေါင်း မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်အဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း နွေစပါး အောင်ရေပေးဝေမှုနှင့် အောင်မြင်ဖြစ်ထွန်းသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဦးစွာပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များသည် ပေါက်ခေါင်းမြို့နယ် ကင်မွန်းခြုံကျေးရွာအုပ်စု၊ ရေဖြူကျေးရွာ ကွင်းအမှတ်(၇၂၁)ရှိ နွေစပါးစိုက်ခင်း၊ မြောက်နဝင်းမြောင်းမကြီးမှ CL 8 နှင့် CL 7 မြောင်းလက်တံများအတွင်းမှ ငါးခူအိုင်ကျေးရွာအုပ်စု၊ ရွာရှည်ကျေးရွာအုပ်စု၊ အနောက်ကြို့ကုန်းကျေးရွာအုပ်စုနှင့် မစိုးရိမ်ကျေးရွာ အုပ်စုအတွင်းရှိ နွေစပါးစိုက်ခင်းများအတွက် ဆည်မြောင်းဦးစီးဌာနမှ အောင်ရေပေးဝေမှုနှင့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေသည့် အခြေအနေများနှင့် အနောက်ကြို့ကုန်းကျေးရွာအုပ်စု အောင်စည်ကုန်းကျေးရွာနေ တောင်သူဦးသန်းဇော်၏ မတ်ပဲမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုကိုကြည့်ရှုပြီး၊ ယခုနှစ်တွင် နွေစပါးပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် ကြိုးစားစိုက်ပျိုးကြရန်နှင့် အထွက်နှုန်းကောင်းအောင် မြို့နယ်စိုက်/ကြပ်အဖွဲ့များနှင့် တောင်သူများ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)