ရေနံချောင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက သစ်တောသစ်ပင် စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက သစ်တောသစ်ပင် စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို သိရှိနားလည်ပြီး သစ်တောသစ်ပင် စိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူလေးများ ပူးပေါင်းပါဝင်လာစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ရေနံချောင်းမြို့ မြို့ရှောင်လမ်းရှိ အထူးစိမ်းလန်းစိုပြည်ရေးဇုံစီမံကိန်း (Greening Complex Zone) ရှင်းလင်းဆောင်တွင် ပြုလုပ်သည်။

ဥတ္တရသီရိမြို့နယ်ရှိ သောက်သုံးရေအခက်အခဲရှိသည့် ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သွားရောက်လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ရေအခက်အခဲဖြစ်ရာ ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် သရုပ်ပြပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်ရဲတပ်ဖွဲ့စခန်းဝင်းအတွင်း ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော ဆင်းရတနာ-၄ နွေနှမ်း(၃၀၀၀)ဧက အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသည့် နှမ်းများဖြန့်ဝေနိုင်ရေးနှင့် စားသုံးဆီဖူလုံပိုလျှံရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆင်းရတနာ-၄ နွေးနှမ်း (၃၀၀၀)ဧက စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း နွေနှမ်းစိုက်တောင်သူများထံမှ သိရသည်။

မြို့သစ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများ သဘာဝဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန် ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့နံနက် ၇ နာရီက ပေကံကုန်းကျေးရွာနှင့် ထန်းရင်းကျေးရွာများသို့ သွားရောက်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာအုပ်၊ စာစောင်များ ပုံမှန်ငှားရမ်းပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် နံနက် (၉) နာရီ ၃၀ မှ၊ ညနေ (၄) နာရီ ၃၀ အထိ၊ ရုံးဖွင့်သည့်နေ့တိုင်း စာအုပ်၊ စာစောင်များကို ငှားရမ်းပေးလျက်ရှိပြီး၊ သုတ၊ ရသစာစောင်များ၊ ရုပ်ပြစာစောင်များကို မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များနှင့် ရုံးပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် စာကြည့်တိုက်အတွင်း ဖတ်ရှုခြင်း စာအုပ်စာစောင်များ လာရောက်ငှားရမ်း လေ့လာလျက်ရှိကြောင်း သိရသည်။

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

တံတားဦးမြို့နယ်တွင် မေဃဝန်ဓမ္မစကူးလ် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကျင်းပ

တံတားဦးခရိုင် တံတားဦးမြို့နယ် အမှတ်(၁)ရပ်ကွက် သာဂေါင်ရပ်ရှိ မေဃဝန်ပရိယတ္တိစာသင်တိုက်တွင် ဖွင့်လှစ်ထားသော မေဃဝန်ဓမ္မစကူးလ်သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါစာသင်တိုက် ရွှေမင်းသ္မီးဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့တွင် ‌တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်းနှင့်ဆန် ၊ ဆီ၊ ပဲ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မေလ (၁၁) ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
Subscribe to