စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာအုပ်၊ စာစောင်များ ပုံမှန်ငှားရမ်းပေးလျက်ရှိ

စလင်း မေ ၁၃

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊  စလင်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်  နံနက် (၉) နာရီ ၃၀ မှ၊ ညနေ (၄) နာရီ ၃၀ အထိ၊ ရုံးဖွင့်သည့်နေ့တိုင်း  စာအုပ်၊ စာစောင်များကို ငှားရမ်းပေးလျက်ရှိပြီး၊ သုတ၊ ရသစာစောင်များ၊ ရုပ်ပြစာစောင်များကို  မြို့နယ်အတွင်းရှိ  ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ကျောင်းသား/ကျောင်းသူများ  နွေရာသီကျောင်းပိတ်ရက်များနှင့်  ရုံးပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ  အသုံးပြုတတ်စေရန်နှင့်  စာကြည့်တိုက်အတွင်း  ဖတ်ရှုခြင်း စာအုပ်စာစောင်များ လာရောက်ငှားရမ်း လေ့လာလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက်တွင်  နေ့စဥ်ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊  လူမှုရေး အသင်းအဖွဲ့များနှင့်  ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များကို  စာကြည့်တိုက်နှင့်  ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတကြွယ်ဝပြီး ဥာဏ်ရည်ဥာဏ်သွေးများ၊ ထက်မြက်တိုးတက်လာစေရန်နှင့်  စာပေဗဟုသုတ ကြွယ်ဝပြည့်စုံသော  လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍  ရုံးဖွင့်သည့်နေ့တိုင်း  ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိရာ  သုတ၊ ရသ၊ ရုပ်ပြစာစောင်များ  မဂ္ဂဇင်းနှင့်၊ အသိပညာ၊ ဗဟုသုတရရှိစေမည့်၊ ပညာဘဏ်တိုက်စာကြည့်တိုက်ဟု  ခေါ်ဆိုသည့်  စာအုပ်ပေါင်းများစွာရှိသည့်၊ စလင်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးအတွင်း၊ ဖတ်ရှုလေ့လာခြင်း၊ ငှားရမ်းခြင်းများကို  ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(မောင်လွင်)စလင်း