မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မောက်မယ် မေ ၁၃

မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန်၊ စိတ်ကူးဉာဏ်ကွန့်မြူးတိုးတက်လာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်သွက်လက်ထက်မြက်လာစေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်ပြီး ပူးပေါင်းလုပ်ဆောင်တတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ပြုလုပ်ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး အဆိုပါပုံပြင်ပြောပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူများတို့က စိတ်ပါဝင်စားပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ဆုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းတို့ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)