အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)၌ အခြေခံလျှပ်စစ် သံဂဟေဆက်ခြင်းနှင့် အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်း နည်းပညာများ ဆက်လက်သင်ကြား‌

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တို့ ပူးပေါင်း၍ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်၌ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော အခြေခံလျှပ်စစ်သံဂဟေဆက်ခြင်းနှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း နည်းပညာများကို ယနေ့နံနက်ပိုင်းတွင် အစိုးရနည်းပညာ အထက်တန်း ကျောင်း (ကျောက်ဆည်) သင်တန်းခန်းမတွင် ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ ဆန်ဈေးနှုန်း မြှင့်တင်ဖြန့်ဖြူးရောင်းချခြင်းနှင့် ဈေးကစားရန် သိုလှောင်ထားခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ဆန်ဈေးနှုန်း မြှင့်တင်ဖြန့်ဖြူးရောင်းချခြင်းနှင့် ဈေးကစားရန် သိုလှောင်ထားခြင်း မရှိစေရေးအတွက် မြို့မစည်ပင်သာယာဈေးအတွင်း/အပြင်နှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော ဆန်ဆိုင်များအား ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကြွယ်ဝတောင်ရပ်တွင် မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြွယ်ဝတောင်တဲတိုက်တွင် ယနေ့နံနက် ၁၁နာရီ ၄၅မိနစ်အချိန်က ဘုရားမီးပူဇော်ထားသည့်မီးနေအိမ် ကူးစက်လောင်ကျွမ်းရာမှ အခြားတစ်အိမ်သို့ မီးကူးစက်လောင်ကျွမ်းပြီး လူနေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြာင်း သိရသည်။

လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ လူကုန်ကူးမှုသည် ထောင်ဒဏ်တစ်သက်ကျခံနိုင်သည့် ကြီးလေးသော ပြစ်မှုဖြစ်ကြောင်း ဒေသနေပြည်သူများ သိရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌  ယနေ့မွန်းလွဲပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း၌ ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ရေး အသိပညာပေး Talk Show ပြုလုပ်

ဟုမ္မလင်း၌ ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ရေး အသိပညာပေး Talk Show ပြုလုပ် ဟုမ္မလင်း မေ ၁၃ ဟုမ္မလင်း (ပြန်/ဆက်)

မိတ္ထီလာမြို့၌ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ မေလ၂ရက်နှင့် ၄ ရက်နေ့တို့က လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်နှင့်ကျေးရွာများတွင် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ရာ အဆိုပါ လေဘေးသင့်အိမ်ထောင်စုများထံသို့ ထောက်ပံ့ပစ္စည်းနှင့်ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မေလ (၁၂) ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော အမိုးလန်ပျက်ဆီးခဲ့သည့် လေဘေးသင့် အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နေ့လယ် (၁) နာရီခွဲက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

မုဒုံမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မေလ ၁၁ ရက်နေ့က တာပသွန်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ပေးသည်။

မုဒုံမြို့နယ် ပုပ္ပါရာမပေါ်တော်မူဘုန်းကြီးကျောင်းတွင် ကျောင်းဆောင်သစ်ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြို့မ(၁)ရပ်ကွက်ရှိ ပုပ္ပါရာမပေါ်တော်မူဘုန်းကြီးကျောင်းတွင် မေလ ၁၁ ရက်နေ့က ကျောင်းဆောင်သစ်ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to